မြန်မာတိုင်းရင်းသားများ လူဦးရေတိုးပွားရေးကို စီမံချက်အနေနဲ့ လုပ်ရန်သင့်ဟု USDP ဥက္ကဋ္ဌ ဆို

မြန်မာတိုင်းရင်းသားများ လူဦးရေတိုးပွားရေးကို စီမံချက်အနေနဲ့ လုပ်ရန်သင့်ဟု USDP ဥက္ကဋ္ဌ ဆို
by -
မဇ္ဈိမ
မြန်မာနိုင်ငံသည် လူဦးရေပေါက်ကွဲနူန်းများသည့် ၃ နိုင်ငံ ကြားတွင် ရှိနေသည့်အတွက် မြန်မာ့တိုင်းရင်းသားများ လူဦးရေတိုးပွားရေးကို စီမံချက်တစ်ခုအနေနဲ့ လုပ်ရန်သင့်သည်ဟု ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆိုလိုက်သည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ဦးဆောင်ပြုလုပ်သည့် " အမျိုးသားလုံခြံုရေးကို ခြိမ်းခြောက်လာ သည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲ " အပိတ်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

" မြန်မာတိုင်းရင်းသားများလူဦးရည်တိုးပွားရေးကို စီမံချက်တစ်ခုအနေနဲ့လုပ်ဖို့သင့်တယ်လို့ ကျွန်တော်တင်ပြလိုပါတယ်" ဟု ၄င်းက ဆိုသည်။

၂၀၁၄ ခုနှစ်က ကောက်ခံရရှိသော သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၂ သန်းကျော် ရှိနေကြောင်း သိရပြီး တရုတ်တွင် သန်း ၁၃၀၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်တွင် သန်း ၁၆၀ ကျော်နှင့် အိန္ဒိယတွင်  သန်း ၁၃၀၀ ကျော် လူဦးရေ အသီးသီး ရှိနေသည်။

မြန်မာနိုင်ငံသည် လူဦးရေအင်မတန်ပေါက်ကွဲနေသည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့နှင့် နယ်နိမိတ်ခြင်းထိစပ်နေသော်လည်း လူဦးရေအားဖြင့် ၅၃ သန်းသာရှိနေသည်ဟု ဦးသန်းဌေးက ဆိုသည်။

" လူဦးရေပေါက်ကွဲနေတဲ့နိုင်ငံတွေထဲမှာ ညှပ်နေတဲ့ ဟောဒီတိုင်းပြည်အတွက် သားသမီးမွေးဖွားနှုန်းနည်းနေတဲ့ ဒီလူမျိုးတွေအတွက် ၁၃၅ မျိုးသော တိုင်းရင်းသားများအတွက် ရှင်သန်ရပ်တည်ရေးဟာ အဲ့ဒီ ရှင်သန်ရပ်တည်ရေးမှာ တစ်ဆက်တည်း နိုင်ငံသားဥပဒေဟာအဓိက မဏ္ဍိုင်ကြီး ဖြစ်ပါတယ် ။ ဒါကို ဟိုပုံစံက မကိုက်ဘူး။ ဒီပုံစံတော့မကိုက်ဘူး။ ပြုပြင်သုံးသပ်ပေးဖို့ဆို တောင်းဆိုမှုတွေ   နိုင်ငံတကာဖိအားတွေ ကျွန်တော်တို့ ထည့်သွင်းစဉ်းစားဖို့အကြောင်းမရှိပါဘူး " ဟု ဦးသန်းဌေးက ပြောဆိုသည်။

ထို့ကြောင့် ယခင်နိုင်ငံတော်အားတာဝန်ယူခဲ့သည့် ခေါင်းဆောင်များက အနာဂတ်လူဦးရေ သန်း ၁၀၀ အထိ စားနိုင်အောင် ဆည်မြောင်းများ လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သူက ဆက်လက်ပြောသည်။

စက်တင်ဘာ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ သံလွင်လမ်းရှိ USDP အစည်းအဝေခန်းမ၌ ပြုလုပ်သည့် " အမျိုးသားလုံခြံုရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲ " ကို နိုင်ငံတကာ အဖွဲ့အစည်းတချို့မှ  တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်တချို့နှင့် ပညာရှင်တချို့ တက်ရောက်ခဲ့သည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...