ဖားကန့်တွင် ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော် ဖမ်းဆီးခံထားရ

ဖားကန့်တွင် ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော် ဖမ်းဆီးခံထားရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကရင်ချောင်ကျေးရွာအနီးတွင် ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော်ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

တစ်နိုင်တစ်ပိုင် ကျောက်တူးပြီးပြန်လာသည့် ကျောက်တူးသမား ၃၀ ကျော် နိုဝင်ဘာ ၂၃ ရက်နေ့ ည ၅နာရီ ခွဲ အချိန်ခန့်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဖားကန့်မြို့မှ အမျိူးသားတစ်ဦးက KNG သတင်းကိုပြောသည်။

”ဖမ်းခံရတာကမနေ့တုန်းကတည်းက ဖမ်းခံရတာရှိတယ် ကျောက်တူးသွားတဲ့ လူငယ်တွေကိုဖမ်းတာ အဲ့တာပြန်မလွတ်သေးဘူးဗျ။ ကရင်ချောင်ဘက်မှာဖမ်းတာ။ တခြားရွာကလာတဲ့ကလေးတွေ ပြန်လွတ်လာတာခုထိတော့မကြားသေးဘူး”ဟု အထက်ဖော်ပြပါ အမျိုးသားက ပြောသည်။

ယင်းလူငယ်များကို ကရင်ချောင်ကျေးရွာအနီး ထူးကုမ္ပဏီ၏ ကျောက်စိမ်းဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဖမ်းဆီးထားခြင်းဖြစ်ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

”သူတို့က အဲ့ထူးကုမ္ပဏီဝင်းထဲမှာ ယန္တယားတွေဆင်ပြီးတပ်ထိုင်ထားတာကို၊  ကရင်ချောင်နဲ့တော့ မလှမ်းမကမ်းမှာရှိတယ်၊  စစ်မေးနေတာတွေရှိတယ် တဲ့ PDF တွေရှိလား KIA တွေရှိလား ဘာညာစစ်မေးနေတာတွေရှိတယ်တဲ့”ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထူးကုမ္ပဏီဝင်းတွင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ည ကလည်း ကရင်ချောင်ကျေးရွာအလွန်ရှိ သောင်းကော့ကျေးရွာဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ရာ ကျေးရွာတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရကာ လူနေအိမ်လေးလုံးအထိမီးလောင်ခဲ့သည်။

ယမန်နေ့ ကရင်ချောင်ကျေးရွာအနီးတွင် အိမ်စီးကား နှစ်စီး မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် မိုင်းဆွဲခံရမှုနှင့် ည၄ နာရီခွဲအချိန်တွင် ကောင်စံနှင့် ကရင်ချောင်ရွာကြား၌ စစ်ကောင်စီနဲ့ KIA ၊ PDF တို့ ကြားတိုက်ပွဲ ဖြစ်ပွားပြီးနောက် ယခုကဲ့သို့အရပ်သားများကို ဖမ်းဆီးလာခြင်းဖြစ်ပြီး လက်နက်ကြီး လက်နက်ငယ်များလည်း ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများကဆိုသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...