မြိုင်မြို့နယ် ကြောင်ကန်ရွာအနီး စစ်ကောင်စီယာဉ်ကို မိုင်းဆွဲတိုက်ခိုက် ၁၂ ဦးသေဆုံးဟုဆို

မြိုင်မြို့နယ် ကြောင်ကန်ရွာအနီး စစ်ကောင်စီယာဉ်ကို မိုင်းဆွဲတိုက်ခိုက် ၁၂ ဦးသေဆုံးဟုဆို

မကွေးတိုင်း၊ မြိုင်မြို့နယ် ဗဟင်းကျေးရွာနှင့် ရဲစခန်းကို မီးရှို့ဖျက်ဆီးပြီး ပြန်လာသည့် စစ်ကြောင်းကိုလာကြိုသည့် စစ်ကောင်စီယာဉ်တစ်စီးကို နိုဝင်ဘာလ ၂၃ရက်နေ့ မြိင်မြို့ နှင့် လေးဖာလုံသာကွာဝေးသည့် ကြောင်ကန်ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဗိုလ်လက်ယာ က ပြောသည်။

၎င်းက “ ဗဟင်းရဲစခန်းကို ဖျက်ဆီးခဲ့ပြီး မိသားစုတွေကော စခ(စကစတပ်သား)၊ရခ(ရဲတပ်သား)တွေကော အကုန်လုံးကိုခေါ်လာတဲ့ စစ်ကြောင်း ကို ဒီကြောင်ကန် ရွာနားမှာ ကားနဲ့လာကြိုတာ မိသားစုတွေကတော့ ရှေ့ကားပေါ်မှာ၊ နောက်ကားပေါ်မှာက စခ၊ ရခ တွေ ရှိတဲ့အချိန် ကားမထွက်သေးခင်မှာ ခွဲလိုက်တာပါ။ ခုကြားတာက ၁၂ ဦးသေပြီး ကိုးဦးဒဏ်ရာ ရတယ်လို့ ကြားတယ်” ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီစစ်ကြောင်းသည် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သလို အနီးနားတွင်ရှိသည့် ကြောင်ကန်ကျေးရွာ ကိုဝင်ရောက်ကာ မီးရှို့ခဲ့သည့်အတွက် ကျေးရွာအတွင်းက နေအိမ် ခြောက်လုံးထက် မနည်း မီးလောင်ပျက်စီးသွားကြောင်းသိရသည်။

ယင်းအပြင် မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပေါက်မြို့နယ် စသိန်းကျေးရွာကို မီးရှို့ပြီး ထွက်လာသည့် အင်အား ၁၀၀ နီးပါး ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် ညောင်ရင်းကျေးရွာသို့ ဝင်ရောက်မီး ရှို့နေစဉ် အသင့်ထောင်ထားသည့် မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း မြိုင် ပကဖ က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ကလည်း ကြောင်ကန်ကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...