လုံးခင်းတွင် ဆိုင်ကယ်စီးနှင်လာသည့် လူငယ်တစ် ဦး သေနတ်ပစ်သတ်ခံရ

လုံးခင်းတွင် ဆိုင်ကယ်စီးနှင်လာသည့် လူငယ်တစ် ဦး သေနတ်ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ၌ ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်လာသည့် လူငယ်တစ်ဦး သေနတ်ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၂၂ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်အချိန်တွင် လုံးခင်းကျေးရွာ ပေါ်ဦး လက်ဘက်ရည်ဆိုင်ရှေ့တွင် လူငယ် ၂ ဦး ဆိုင်ကယ်စီးနင်း လာစဥ် အနောက် ၌ လိုက်ပါစီးနင်းလာသည့်လူငယ်တစ်ဦး ဆိုင်ကယ်ပေါ်မှသေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း မျက်မြင်တွေ့ရှိသူ လုံးခင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

”လုံးခင်းကျောက်ဝိုင်းအကျော်ပေါ့ ပေါ်ဦးလက်ဘက် ရည်ဆိုင်နားလေးမှာဖြစ်သွားတာကျောက်ဝိုင်း စည်နေတဲ့အချိန်ဟုတ်တယ်။ အဲ့မှာ လူငယ်နှစ်ယောက်က ဆိုင်ကယ်အတူစီးလာတာ နောက်ကပါလာတဲ့သူကို လူငယ်နှစ်ယောက်က ဆိုင်ကယ်ပေါ်ကနေပဲ ပစ်သတ်သွားတာ အရှေ့ကတစ်ယောက်တော့ဘာမှမဖြစ်ဘူး နောက်ကလူကိုပဲ ပစ်သွား တာ”ဟုပြောဆိုသည်။

သေဆုံးသူသည် မောင်ရှိုင်းမင်းအောင် အသက် (၃၀)နှစ်၊ အဘအမည် ဦးဝင်းမြင့် လုံးခင်းအမှတ် ၂ ရက်ကွက်နေသူဖြစ်ပြီး လက်ယာဘက် ချိုင့်အောက်တွင် သေနတ်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးသွားကြောင်းသိရသည်။

မောင်ရှိုင်းမင်းအောင် ကိုပစ်သတ်သွားသည့် လူငယ်နှစ်ဦးမှာ ဆိုင်ကယ်မောင်း၍ ထွက်ပြေးလွတ်မြောက်သွားပြီး Mask တပ်ထားပြီး မျက်မှာဖျက်ထားသည့်အတွက် မည်သူမည်ဝါ မသိလိုက်ရကြောင်း ဒေသခံများက ဆိုသည်။

လုံးခင်းကျေးရွာအုပ်စုတွင် ယခုကဲ့သို့ အမျိုးသားများ အကြောင်းမဲ့ပစ်သတ်ခံရမှု ငါးဦးထက်မနည်းရှိလာပြီဖြစ်ပြီး လွန်ခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင်လည်း အမည်မသိ အမျိုးသားတစ်ဦး မှော်မောင်းလျှံကျေးရွာအနီးတွင် လက်နောက်ပြန်ကြိုးသုပ်၍ ဓားထိုးသတ် ခံလိုက်ရသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...