၆ ကြိမ်မြောက် ခမီးနှစ်သစ်ကူးပွဲအခမ်းအနား မြောက်ဦးတွင် အကျဉ်းရုံးကျင်းပ

၆ ကြိမ်မြောက် ခမီးနှစ်သစ်ကူးပွဲအခမ်းအနား မြောက်ဦးတွင် အကျဉ်းရုံးကျင်းပ

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ခမီလူမျိုးတို့၏ ၆ ကြိမ်မြောက် နှစ်သစ်ကူးပွဲအခမ်းအနားကို မြောက်ဦးမြို့တွင် ယနေ့ ကျင်းပခဲ့သည်ဟု သိရသည်။

အဆိုပါအခမ်းအနားကို မြောက်ဦးမြို့ရှိ မြို့နယ်ခန်းမတွင် ယနေ့ နိုဝင်ဘာ ၂၃ ရက် နံနက် ၉ နာရီမှစတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နယ်မြေဒေသလုံခြုံရေးအခြေနေအရ  အကျဉ်းရုံးသာကျင်းပလိုက်ရကြောင်းလည်း ကျင်းပရေး ကော်မတီတာဝန်ရှိသူလည်းဖြစ်၊ ခမီစာပေနှင့် ယဉ်ကျေးမှုအသင်းဒုဥက္ကဋ္ဌလည်းဖြစ်သည့် ဦးဝေစိန်အောင်က ပြောသည်။

"အခုလို ကျင်းပရတာဟာ နှစ်သစ်မှာ စိတ်သစ်၊ အတွေးသစ်တွေနဲ့ အဖျားရောဂါတွေ ကင်းဝေးပြီး ဘေးအန္တရာယ်မကျရောက်နိုင်ရေး မိသားစုတစ်ရွာလုံး၊ တစ်နယ်လုံး  ဆုတောင်းတဲ့ပွဲလို့ ရှေးယခင်ကတည်းက ဘိုးဘွားဘီဘင်လက်ထက်ကတည်းက အဆိုရှိခဲ့လို့ အခုလိုမျိုး စဥ်လာမပျက် ကျင်းပရတာဖြစ်ပါတယ်"ဟု ပြောသည်။

အခမ်းအနားတွင် ရခိုင်နှင့် ခမီလူမျိုးစုများကရိုးရာ အကများဖြင့်လည်း ဖြေဖျော်ခဲ့ကြပြီး ဌာနဆိုင်ရာများအပါအဝင် လူဦးရေ ၃၀၀ ကျော် တက်ရောက်ကြောင်းလည်း သိရသည်။

အခမ်းအနားတက်ရောက်လာသူ ခမီလူမျိုး ကိုဇော်ဇော်က "ရခိုင်ပြည်နယ် အမြန်းဆုံးအေးချမ်း စေချင်ပါတယ်။ နောက်နှစ်တွေမှာ လွတ်လပ်စွာနဲ့ ရခိုင်ပြည်မြို့နယ်တိုင်းမှာရှိတဲ့ညီနောင်တွေကို ဖိတ်ချင်ပါတယ်။ အခုတော့ အခြားမြို့နယ်မှာရှိတဲ့သူတွေက မငြိမ်မသက်မှုတွေကြောင့် မတက်နိုင်ဘူးဆိုတော့ စိတ်မကောင်းပါဘူး"ဟု ပြောသည်။

ခမီနှစ်သစ်ကူးပွဲကို နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်တွင်ကျင်းပလေ့ရှိသည်ဟု သိရသည်။

ယခုနှစ် ခမီနှစ်သစ်ကူးပွဲအထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံနှင့် ပြည်ပနိုင်ငံအချို့တို့တွင် ရောက်ရှိနေကြသည့် ခမီလူမျိုးများကလည်း စာတန်းထိုးဆောင်ပုဒ်များကိုင်ဆောင်ပြီး ကန်ပိန်းများ ပြုလုပ်ကြကြောင်း သိရသည်။

ခမီလူမျိုးများသည် ရခိုင်ပြည်နယ်အတွင်း မြောက်ဦးအပါအဝင် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင်နေထိုင်ကြပြီး တစ်ပြည်လုံးတွင် လူဦးရေ ၁ သိန်းကျော်ရှိသည်ဟု သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...