ကရင်ပြည်နယ် လှိုင်းဘွဲ့ ၌ ဘင်္ဂါလီတစ်ဦး ဖမ်းမိ ၊ လဝက ဥပဒေဖြင့် အမှုဖွင့်ထား

ကရင်ပြည်နယ် လှိုင်းဘွဲ့ ၌ ဘင်္ဂါလီတစ်ဦး ဖမ်းမိ ၊ လဝက ဥပဒေဖြင့် အမှုဖွင့်ထား
by -
ဇေယျာမော်
ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့ ၌ အထောက်အထား တစ်စုံတစ်ရာမရှိသည့် ဘင်္ဂါလီတစ်ဦးကို ယမန်နေ့က ဖမ်းဆီး ရမိခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။

လှိုင်းဘွဲမြို့ (ဃ) ရပ်ကွက် ရွာသစ်၌နေထိုင်သည့် ဦးရီထွေး၏ နေအိမ်တွင် ၄င်းသမီးဖြစ်သူ မဇာနည်နွယ်၏ ခင်ပွန်း အဗ္ဗဒူလာ(ခ) ကျော်မြင့် ဆိုသူသည် အထောက်အထား တစ်စုံတစ်ရာမပါဘဲ ရောက်ရှိနေသောကြောင့် (က)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်ဝေက မြို့နယ်လဝကသို့ သွားရောက်အပ်နှံထားရှိကြောင်း သိရသည်။

ယင်းအတွက် လှိုင်းဘွဲမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဗ္ဗဒူလာ(ခ)ကျော်မြင့်သည် ကျောက်ဖြူမြို့မှ တစ်ဆင့် ရန်ကုန်သို့ လာရောက်၍ ကြုံရာကျပန်း လုပ်ကိုင်ကြောင်း၊ ၂၀၀၃ ခုနှစ်၌ မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံသို့ဝင်ရောက်ကာ မလေးရှားနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ မလေးရှားနိုင်ငံ၌ မဇာနည်နွယ် နှင့် အိမ်ထောင်ကျခဲ့ကြောင်း စစ်ဆေးသိရှိရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းနောက်၂၀၁၇ မတ်လတွင် မဇာနည်နွယ် ကျန်းမာရေးမကောင်းသဖြင့် နေရပ်သို့ ပြန်လာခဲ့ပြီး အဗ္ဗဒူလာ(ခ) ကျော်မြင့်သည် မလေးရှားနိုင်ငံတွင် ဆက်လက် အလုပ်လုပ်ကိုင်ခဲ့ကြောင်း ၊ ၄င်းသည် လွန်ခဲ့သော (၁) လခန့်က မလေးရှားနိုင်ငံမှ တရားမဝင်ဝင်ရောက်လာကာ ဇနီးဖြစ်သူနေထိုင်သော လှိုင်းဘွဲမြို့သို့ လာရောက်နေထိုင်ခြင်းဖြစ်ကြောင်း စစ်ဆေးရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် အဗ္ဗဒူလာ (အမ်ဒူလာ)(ခ)ကျော်မြင့်အား လဝကအက်ဥပဒေဖြင့် အရေးယူရန် စီစဉ်ထားရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ရန်​ကုန်​၊မန္တ​လေး၊ ​နေပြည်​​တော်​မြို့များ၌ အကြမ်​းဖက်​​ဖောက်​ခွဲတိုက်​ခိုက်​မှုများလုပ်​​ဆောင်​ရန်​ စီစဉ်​​နေသည်​့သတင်​းများ ရရှိထားပြီး မသင်္ကာဖွယ်​လုပ်​​ဆောင်​မှုများ၊ လူများ​တွေ့ရှိပါက နီးစပ်​ရာ အုပ်​ချုပ်​​ရေး၊ လုံခြံု​ရေးတာဝန်​ရှိသူများအား ​အ​ကြောင်​းကြားရန်​ စက်​တင်​ဘာလ ၅ရက်​​နေ့၌ နိုင်​ငံ​တော်​၏အတိုင်​ပင်​ခံရုံးမှ သတင်​းထုတ်​ပြန်​ထားသည်။

ယမန်နေ့က မြောက်​ဥက္ကလာမြို့နယ်​ သံထည်​​ရောင်​းဝယ်​​ရေးလုပ်​ငန်​းတစ်ခုတွင်လည်း တရားမဝင်​ဘင်္ဂါလီတစ်​ဦးနှင်​့ ကမန်​တစ်​ဦးတို့ ကိုစစ်​​ဆေး​တွေ့ရှိခဲ့ပြီး ​နေရပ်​ပြန်​ပို့ရန်​ ရန်​ကုန်​တိုင်းဒေသကြီး လူဝန်​မှုကြီးကြပ်​​ကွပ်​ကဲ​ရေးဌာနက ညွှန်​ကြားထား​ကြောင်​း ပြည်​ထဲ​ရေးဝန်​ကြီးဌာနက စက်​တင်​ဘာလ၈ရက်​​နေ့တွင် သတင်​းထုတ်​ပြန်​ထားသည်​။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...