စစ်ရေးတင်းမာနေသည့်အတွက် အင်းတော်ကြီးနှင့် ဝှေခါလမ်းပိုင်းကို KIA ပိတ်ထား

စစ်ရေးတင်းမာနေသည့်အတွက် အင်းတော်ကြီးနှင့် ဝှေခါလမ်းပိုင်းကို KIA ပိတ်ထား
ဖားကန့်မြို့နယ် အတွင်းမြင်တွေ့ရသည့် KIA စစ်သားများ
ဖားကန့်မြို့နယ် အတွင်းမြင်တွေ့ရသည့် KIA စစ်သားများ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဝေခါကျေးရွာနှင့် အင်းတော်ကြီးလမ်းပိုင်းဘက်တွင် စစ်ရေးတင်းမား နေသည့်အတွက် အင်းတော်ကြီးနှင့်ဝေခါလမ်း ပိုင်းကို KIA က ယာယီပိတ်ထားကြောင်းသိရသည်။

ဝေခါနှင့် အင်းတော်ကြီးလမ်းပိုင်းဘက်တွင် စစ်ကောင်စီက နေ့စဥ် လက်နက်ကြီးများပစ်ခတ် မှုရှိ နေသည့်အပြင် KIA၊ PDF နှင့် စစ်ကောင်စီတပ်တို့ ကြား နှစ်ဖက်စ်စရေးတင်းမာသည့်အခြေအနေတွင် ရှိနေသည့်အတွက် အင်းတော်ကြီးနှင့် ဝေခါ ကားလမ်းပိုင်းကို KIA က နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ဖားကန့်မြို့နေအမျိုးသားတစ်ဦးက KNG ကိုပြောသည်။

''ဝှေခါလမ်းမှာကပိတ်ထားတာဟုတ်တယ်ဗျ။ ပြောရယ်ဆိုရင်တော့ တင်းမာတဲ့အနေအထားဖြစ်နေလို့ ခရီးသွားလာတာတွေလည်းမရှိဘူးအဲ့ဘက်မှာ စစ်ရေးတင်းမာလို့ပိတ်ထားတာဆိုတော့ ဘယ်နေ့ထိပိတ်တယ်ဆိုတာတော့မရှိဘူးဗျပိတ်တယ်ဆိုတာမျိုးပဲ ရှိတယ်'' ဟု KIA နှင့် နီးစပ်သည့်ဖားကန့်မြို့မှအမျိုးသားတစ်ဦးက ပြောသည်။

အင်းတော်ကြီး-ဝှေခါ-ဖားကန့်လမ်းကြောဘက်တွင် KIA နှင့် PDF များစိုးမိုးထားသည့်နယ်မြေများရှိသကဲ့သို့ စစ်ကောင်စီကလည်း ဝှေခါကျေးရွာ အနီးနှင့် အင်းတော်ကြီးဝှေခါကြားတွင် နေရာယူထားသည့်အတွက်လတ်တလောနှစ်ဖက်တင်းမာနေပြီး တိုက်ပွဲ ဖြစ်လာပါက ခရီးသွားပြည်သူများထိခိုက်မည်ကိုစိုးရိမ်သည့်အတွက် ယင်းလမ်းပိုင်းပိတ်ထား ရခြင်းဖြစ်ကြောင်း သိရသည်။

''ဝှေခါဘက်မှာ KIA တွေလည်းထိုင်ထားတာရှိတယ် ဒီဖားကန့်မြို့ထဲဘက်က တပ်တွေကလည်းအဲ့ဝှေခါဘက်ကိုလက်နက်ကြီးတွေလှမ်းလှမ်းထုနေတာရှိတယ် အဲ့ကြောင့် ပြည်သူတွေလက်နက်ကြီးထိမှာဆိုးလို့ရယ် တိုက်ပွဲ ဖြစ်ရင် ထိခိုက်လာမှာဆိုးလို့ရယ်ဆိုပြီး KIAဘက်ကပိတ်လိုက်တာ ''ဟု ဖားကန့်အေးမြသာယာ ရပ်ကွက်နေအမျိုးသားတစ်ဦးကပြောသည်။

ဝှေခါကျေးရွာသည် ဖားကန့်မြို့နှင့် မိုင်း ၂၀ ကျော်ကွာဝေးပြီး မိုးညှင်း- အင်းတော်ကြီး-ဖားကန့် ကားလမ်းမပေါ်တွင်တည်ရှိရာ အင်းတော်ကြီးနှင့်ဝှေခါကြားပိတ်ထားခြင်းဖြစ်သည်။

ဖားကန့်မြို့နယ်အတွင်းသို့ဝင်ရောက်နိုင်သည့်ကား လမ်းမှာ မိုးညှင်း -အင်းတော်-ဖားကန့်ကားလမ်းနှင့် မိုးကောင်း-နန်ယား ဖားကန့်ကားလမ်းနှစ်ခုရှိပြီး ယခု ပိတ်လိုက်သည့်လမ်းမှာ လမ်းခရီးနီးသည့်အတွက် ဖြတ်လမ်းအဖြစ် အသုံးပြုလျက် ရှိပြီး ရေရှည်ပိတ်ပါက ပြည်သူများခက်ခဲနိုင်ကြောင်း သိရသည်။

''ရေရှည်ပိတ်ရင်တော့ခက်ခဲနိုင်တယ်။ အခုပိတ်လိုက်တဲ့လမ်းက ဖြတ်လမ်းဟုတ်တယ်နီးတဲ့ အတွက် ခရီးသွားပြည်သူတွေ ကုန်စည်ကားတွေက အဲ့လမ်းကနေလည်း အသွားများတယ် နန့်ယားဂိတ်ကတော့စစ်ကောင်စီထိုင်ထားတာဆိုတော့ အခုဆိုအစစ်အဆေးများတယ် ''ဟု ဖားကန့်မြို့နေအမျိုးသားတစ်ဦးကပြောသည်။

ဖားကန့်မြို့နယ်အတွင်းတွင်လက်ရှိ နန့်ယားလမ်းကြောင်းတစ်ခုတည်းဖြင့်သာဝင်ရောက်နိုင်ပြီး ယင်းလမ်းကြောင်းတွင်လည်းနန့်ယားဂိတ်တွင် စစ်ကောင်စီထိုင်ထားသည့်အတွက် အစစ်အဆေးများနေသည့်အတွက်အရီးသွားပြည်သူများနှင့်ခရီးသွားကားများအခက်အခဲ ဖြစ်နေကြောင်းသိရသည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...