မီတာခ ပေးဆောင်ရန် လှုံ့ဆော်နေသည့် ရွှေကူEPCရုံးကိုPDFက မိုင်းခွဲသတိပေး

မီတာခ ပေးဆောင်ရန် လှုံ့ဆော်နေသည့် ရွှေကူEPCရုံးကိုPDFက မိုင်းခွဲသတိပေး

မီတာခ ပေးဆောင်ကြရန် အတင်းလှုံ့ဆော်နေသည့် ရွှေကူမြို့ အမှတ် ၃ ရပ်ကွက်ရှိ EPC ရုံးကို ရွှေကူ PDF က ယနေ့ နံနက်ပိုင်းတွင် မိုင်းခွဲ သတိပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ရွှေကူEPCရုံးအနေဖြင့် လွန်ခဲ့သည့် စနေနေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှစတင်၍ မီတာခ မပေးဆောင်သည့် ရွှေကူပြည်သူများ မီတာခလာရောက် ပေးဆောင်ကြရန်နှင့် လာရောက်ပေးဆောင်ခြင်းမရှိပါက မီးဖြတ်ခြင်း၊ မီတာဘောက်ပြန်လည် ဖြုတ်သိမ်းခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လှည့်လှည်လှုံ့ဆော်နေသည့်အတွက် ယနေ့ နံနက်ပိုင်း တွင် မိုင်းခွဲသတိပေးခံလိုက်ရကြောင်း ရွှေကူPDFနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးကKNGကို ပြောသည်။

”အဲ့စနေ နေ့ကစပြီး သူတို့က အတင်းလှုံ့ဆော်နေတာ နေ့ဆိုရင်သုံးဘီးနဲ့ လော်စပီကာတပ်ပြီး အသံသွင်းထားတဲ့ဟာဖွင့်ပြီး လိုက်အော်နေတာ။မီတာလာဆောင်ဖို့ ညဆိုရင်လည်း ဆိုင်ကယ်နဲ့ပတ်ပြီးမှ လိုက်အော်တယ်။မီတာကြေးမဆောင်ရင် မီးဖြတ်မယ် မီတာဘောက်ဖြုတ်မယ်ဆိုပြီး အဲ့ကြောင့် ဒီနေ့ မနက်တော့ အစောကြီး ၄ နာရီတိတိမှာepcရုံးကို မိုင်းတစ်လုံးခွဲပြီး သတိပေးခံလိုက်ရတယ်။မိုင်းကတော့ လက်ပစ်မိုင်းတဲ့ တစ်လုံးထဲပဲ”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

အဆိုပါ မိုင်းသည်EPCရုံးရှေ့ခြံစည်းရိုးတွင်ပေါက်ကွဲပြီး မနက် ၄ နာရီဖြစ်သည့်အတွက် လူထိခိုက်မှု မရှိသော်လည်းEPCရုံခြံစည်းရိုးများ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

EPCက ရွှေကူပြည်သူများအား သတိပေးလှုံ့ဆော်ရာတွင် နိုဝင်ဘာ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ တစ်ပတ်တိတိဖြစ်ပြီး သတိပေးကာလအတွင်း မီတာလာမဆောင်ပါက မီတာဖြုတ်၊ မီးဖြတ်မှုများပြုလုပ်မည်ဟုသိရသည်။

”မီတာခက ဒီနှစ် ၂ လပိုင်းကနေ ၁၀ ပိုင်းစာအထိ တစ်ခါတည်းဆောင်ခိုင်းတာ တချို့ကတော့ ၁ သိန်းကျော်လောက်ပဲကျမယ်။တချို့ကတော့ ၃ သိန်း ၄သိန်းထိကျတဲ့သူရှိတယ်။ဒီမှာက မဆောင်ကြတာများတယ် ကျမတို့လည်းမဆောင်ဘူး။ဆောင်ရင်သူတို့ကို အားပေးသလိုဖြစ်မှာပေါ့။အဲ့ကြောင်းကျွန်မတို့ကသူတို့ကို အားမပေးဘူး။ အဲကြောင့်မဆောင်ဘူး”ဟု မီတာမဆောင်သည့် ရွှေကူမြို့မှအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီကို အားမပေးလိုသည့်အတွက် မီတာမဆောင်ကြသည့်ပြည်သူမှာ မြို့နေလူဦးရေ၏ သုံးပုံ နှစ်ပုံခန့်ရှိသော်လည်းမီးဖြတ်ခံရမည်ကိုကြောက်သည့်အတွက် မီတာကြေး ဆောင်သူများလည်း ရှိသည်ဟု သိရသည်။

ရွှေကူမြို့သည် ရပ်ကွက် ၈ ခုရှိပြီး အိမ်ခြေပေါင်း ၃၅၀၀ ကျော် အိမ်ထောင်စု ၃၆၀၀ ကျော်ရှိပြီး ကျေးရွာအုပ်စုပေါင်း ၃၇ အုပ်စုအထိ ရှိသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...