ဟုမ္မလင်းမြို့နယ် နန့်နန်းနယ်မြေရဲစခန်းကို သိမ်းပိုက်ထားပြီး လက်နက်အချို့ သိမ်းဆည်းရရှိဟုဆို

ဟုမ္မလင်းမြို့နယ် နန့်နန်းနယ်မြေရဲစခန်းကို သိမ်းပိုက်ထားပြီး လက်နက်အချို့ သိမ်းဆည်းရရှိဟုဆို

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နန့်နန်းရွာနယ်မြေရဲစခန်းကို သိမ်းပိုက်ထားပြီး စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်အချို့သိမ်းဆည်းရရှိသည်ဟု ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF)တာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ရက်နေ့တွင် ဟုမ္မလင်းမြို့နယ် နန့်နန်းရွာ၌ တပ်စွဲထားသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် ( SNA)ပူးပေါင်းအဖွဲ့အား သွားရောက် တိုက်ခိုက်ခဲ့ရာ စက်လတ်အငယ်တစ်ခုနှင့်အတူ ဆက်သွယ်ရေးစက်အမြောက်အများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

“လက်နက်က စက်လတ်အငယ်တစ်ခု သိမ်းဆည်းရမိပါတယ်။ SNAတပ်မဟာ (၇၅၃)ယူ‌နီဖောင်းတွေရယ်၊ ဆက်သွယ်ရေးစက်အမြောက်အများရယ် နန့်နန်းမှာသိမ်းဆည်းရရှိပါတယ်” ဟု ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF)မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် SNA အဖွဲ့များသည် နန့်နန်းရွာရှိ စာသင်ကျောင်း၊ ဈေးတန်းနှင့် ရဲစခန်း စသည့် နေရာများတွင် တပ်စွဲထားခြင်းဖြစ်ပြီး အင်အား ၁၀၀ခန့်ရှိကြောင်း သိရသည်။

နန့်နန်းရွာ နယ်မြေရဲစခန်းတိုက်ခိုက်မှုကို NUG ၏ ခန္တီးခရိုင်အမှတ်(၁)တပ်ရင်းနှင့်အတူ မဟာမိတ် ဒေခံကာကွယ်ရေးအဖွဲ့များဖြစ်သည့် Homalin’s People Defense Force- 124၊ Homalin’s People Defense Force , Homalin’s People Defence Force- မိုးကြိုးတို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး PDFဘက်က ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။

ယခုကဲ့သို့ တိုက်ပွဲများပြင်းထန်နေသော်လည်း စစ်ကောင်စီမှ နိုဝင်ဘာ ၂၂ ရက်နေ့တွင် ဟုမ္မလင်းမြို့နယ် ထိန်ကုန်းရွာ၌ ရှမ်းရိုးရာနှစ်သစ်ကူးပွဲကျင်းပရန် စီစဉ်နေကြောင်းလည်း မြို့နေဒေသခံသတင်းရင်းမြစ် တစ်ဦးထံမှ သိရသည်။

“ဒီလောက်တိုက်ပွဲတွေဖြစ်နေတဲ့ကြားက စကစ(စစ်ကောင်စီ)နဲ့ SNAက၂၂ရက်နေ့မှာ ရှမ်းရိုးရာနှစ်သစ်ကူးပွဲကို ကျင်းပဘို့စီစဉ်နေတယ်လို့ကြားသိရပါတယ်” ဟု အဆိုပါဒေသခံမှ မဇ္ဈိမကိုပြောသည်။

ဟုမ္မလင်းမြို့နယ် ပင်ခုတ်ကျေးရွာတွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံးရက်ဆက်တိုက် စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် ( SNA) ပူးပေါင်းအဖွဲ့ နှင့် ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ခန့်သေဆုံးသည်ဟု ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) က နိုဝင်ဘာလ ၁၆ ရက်နေ့ ရက်စွဲဖြင့်သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲအတွင်း အထိနာနေသည့် စစ်ကောင်စီနှင့် ပူးပေါင်းအဖွဲ့များက ပင်ခုတ်ကျေးရွာအတွင်းသို့ ၆၀ မမလက်နက်ကြီးဖြင့် သုံးကြိမ်ပစ်ခတ်ခဲ့ပြီး အသက် (၅၀)အရွယ်အမျိုးသမီးတစ်ဦး နှလုံးရပ်သေဆုံးသည့်အပြင် လူနေအိမ် နှစ်လုံးနှင့် လူနာတင်ကားတစ်စီး ပျက်စီးသွားသည်ဟု ဆိုသည်။

လက်ရှိတွင် ဟုမ္မလင်းမြို့နယ်၌ စစ်ဘေးရှောင်ဦးရေ ၁,၀၀၀ခန့်ရှိပြီး အစားအသောက်နှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...