ကသာအထက်ပိုင်းKIAတပ်မဟာ ၈နယ်မြေတွင် စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်နေ

ကသာအထက်ပိုင်းKIAတပ်မဟာ ၈နယ်မြေတွင် စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်နေ

ကသာမြို့နယ် ချောင်းဝကျေးရွာအထက်ပိုင်း စစ်ကိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်KIAတပ်မဟာ (၈) နယ်မြေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။

ချောင်းဝ ကျေးရွာအထက်ပိုင်း ကောက်ကွေ့ချောင်းအနီးရှိKIAတပ်မဟာ ၈ နယ်မြေကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် ယနေ့နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်မှ စတင်ကာ ဂျက်ဖိုက်တာ သုံးစီးအသုံးပြု၍ ဗုံးကျဲတိုက်ခိုက်နေကြောင်း ကသာပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကKNGကို ပြောသည်။

”လောလောဆယ်တော့ ဘယ်နေရာတွေမှာကျတယ် ဆိုတာနေရာအတိအကျတော့ မပြောနိုင်သေးဘူး။အပေါ်ကနေ ဗုံးကျဲတာ ၄ လုံးတော့ ရှိသွားပြီတဲ့။ပြီးရင် စက်သေနတ်တွေနဲ့ကော ပစ်တယ် လေယာဥ်ပေါ်ကနေ ကောက်ကွေ့ချောင်းရိုးတစ်လျောက်တွေ ကိုပတ်ကျဲနေတာ အဲ့မှာကKIAတပ်မဟာ ၈ နယ်မြေဟုတ်တယ်။သူတို့ကအဲ့တာကို ဦးတည်ပြီးကျဲတာ အဲ့ဘက်မှာက ရွာကြီးတွေတော့မရှိဘူး။မထင်မရှားရွာငယ်လေးတွေ လောက်တော့ရှိတယ်”ဟု ကသာPDFတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဂျက်ဖိုက်တာ ၃ စီးသည် တံတားဦးလေဆိပ်မှ တက်လာသည့် လေယာဥ်ဖြစ်ပြီး ဗုံးကျဲမှုကြောင့်ခပေါင်းကျေးရွာငယ်မှ အမျိုးသမီးငယ်တစ်ဦး ထိခိုက်မှုရှိခဲ့ကြောင်းသိရပြီး အခြား ထိခိုက်မှုများကို စုံစမ်းနေဆဲ ဖြစ်သည်။

”မြေပြင်အခြေအနေအလုံးစုံကိုတော့မသိရသေးဘူးဗျ။ကလေးတစ်ယောက်တော့ လက်မောင်း မှန်ထားတယ် ပြောတယ်။အစမှန်ထားတယ် ဒဏ်ရာရသွားတယ် ခပေါင်းရွာက ကလေးမတစ်ယောက် ဟုတ်တယ်”ဟု ကသာPDFတာဝန်ရှိသူတစ်ဦးကပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်KIAတပ်မဟာ ၈ နှင့် တပ်မဟာ ၉ တပ်ဖွဲ့များ လှုပ်ရှားရာ ကချင်–စစ်ကိုင်းနယ်စပ်ဒေသများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီနှင့် ထိတွေ့ တိုက်ပွဲပုံမှန်ဖြစ်ပွားနေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သည် သြဂုတ်လ ၂၂ရက်နေ့ ကလည်းဘန့်ဘွေးကုန်းရွာကို လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်တွင်လည်းရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းတို့ကြောင့် နေအိမ်များ မီးလောင်ပျက်ဆီးခဲ့ပြီး အရပ်သား ၄ဦးအထိ သေဆုံးမှုဖြစ်ခဲ့သည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်မှ ကသာနယ်တွင် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် မြင်ကွင်းဖြစ်သည်

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...