ဗန်းမော် သတ္တုတွင်းဝန်ကြီးနှင့် ဆွေမျိုးတော်စပ်သူ ပိုင်ဆိုင်သည့် ရွှေဖောင်မှ လွဲပြီး ကျန်ရွှေဖောင်များကို မီးရှို့ဖျက်ဆီး

ဗန်းမော် သတ္တုတွင်းဝန်ကြီးနှင့် ဆွေမျိုးတော်စပ်သူ ပိုင်ဆိုင်သည့် ရွှေဖောင်မှ လွဲပြီး ကျန်ရွှေဖောင်များကို မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဘူးတောင်းကျေးရွာအနီး ဧရာဝတီ မြစ်ကမ်းတွင် ရွှေ‌ဖောင် စက်လှေ ၁၀ စီးအနက် ဗန်းမော်သတ္တုတွင်းဝန်ကြီး၏ ညီမပိုင်ဆိုင်သည့် ရွှေဖောင်စက် ၃ စီးမှ လွှဲ၍ ကျန် ၇ စီးကို စစ်ကောင်စီက မီးရှို့ဖျက်စီးပေးလိုက်ကြောင်း ရွှေဖောင်စက်လှေ နှင့် နီးစပ်သူများထံ မှ သိရသည်။

အဆိုပါ ရွှေဖောင်စက်လှေများအား နိုဝင်ဘာလ ၁၄ ရက်နေ့ ဖမ်းဆီးသွားပြီးနောက် ပြန်လည်ရွေးယူနိုင်ရန် စက်လှေပိုင်ရှင်များ သွားရောက်ညှိနှိုင်းသော်လည်း ခွင့်မပြုဘဲ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မီးရှို့ပေးလိုက်ကြောင်း သိရသည်။

“သူတို့စစ်တပ်နဲ့ နီးစပ်တဲ့ စက်လှေ ၃ စီးဘဲ ချန်ထားပေးတယ်လို့ ပြောတယ်။ ကျန်တာတော့ အားလုံး မီးရှို့လိုက်ပြီတဲ့“ဟု ရွှေဖောင်စက်လှေနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရွှေဖောင် စက်လှေဖမ်းဆီးသည့် စစ်ကောင်စီတပ်များမှာ ခလရ ၂၆ နှင့် ခလရ ၃၁၉ တပ်တို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါရွှေဖောင်စက်လှေ လာရောက်ဖမ်းဆီးချိန် ရွှေဖောင်စက်‌လှေတွင် အလုပ်လုပ်ကိုင်နေသည့် လူငယ်တစ်ချို့နှင့် စင်းခန်းတံတားနားမှ လူငယ်များ စုစုပေါင်း လူငယ် ၄၀ ဝန်းကျင်ကိုလည်း စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

“ဖမ်းခံသွားရတာ တော်တော်များတယ်လို့သိရတယ်။ ခုထိလည်း တစ်ယောက်မှ လွှတ်လာတာမရှိသေးဘူး“ဟု ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် ဧရာဝတီမြစ်ကြောင်းတစ်‌လျှောက်‌ ရွှေတူးဖော်မူများအား စစ်ကောင်စီတပ်မှ အာဏာမသိမ်းခင် ယခင်အစိုးရ လက်ထက်တွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရံဖန်ရံခါ ဖမ်းဆီးမှုများ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်တွင် ဖမ်းဆီးခြင်း မရှိသည့်အတွက် ရွှေတူးဖော်မှုပိုများလာခဲ့သည်။

ထိုကဲ့သို့ ရွှေတူးဖော်မှုများကို အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အထိ ဖမ်းဆီးခြင်းမပြုခဲ့ဘဲ ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ကာ မြစ်ဆုံ၊ တန်ဖရဲ၊ အူဗျစ်‌ဘက်မှ ရွှေဖောင်အစီး ၂၀ ကျော်ကိုလည်း ဖမ်းဆီးမီးရှို့ဖျက်ဆီးပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ယခုဖမ်းဆီးမှုတွင် ရွှေဖောင်စက်လှေပိုင်ရှင်များအနေဖြင့် ပြန်လည်ရွေးယူရန် သွားရောက် ညှိနှိုင်းခဲ့သော်လည်း စစ်ကောင်စီတပ်သည် အထက်အမိန့်အရ မရှိုမနေရဟုဆိုကာ ရွေးယူခွင့် မပြုခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် မြင်တွေ့ရသည့် ရွှေဖောင်များ

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...