ဆပ်ပြာချောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

ဆပ်ပြာချောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

ဖားကန့်မြို့နယ် ဝှေ့ခါကျေးရွာအုပ်စု ဆပ်ပြာချောင်းတွင်နေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

ဆပ်ပြာချောင်း ဘုန်းကြီးကျောင်းဝင်းတွင် စစ်အင်အား ၆၀ ကျော်ခန့်ရှိနေစဉ် KIA က ဒရုန်းဖြင့် သွားရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက KNG သတင်းဌာနကို ပြောသည်။

“ဆပ်ပြာချောင်း ဘုန်းကြီးကျောင်းမှာရှိနေတဲ့ အဖွဲ့တွေကို ဒရုန်းနဲ့ သွားတိုက်ခဲ့တယ်။ စစ်သားတွေ ၅ ယောက်လောက်က သေတယ်လို့ပြောတယ်။ ဒဏ်ရာရသွားတဲ့ သူတွေက သေချာမသိရဘူး။ KIA ဘက်ကတော့ သွားပစ်ပြီး ပြန်သွားတဲ့နောက်ပိုင်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်ကြတယ်”ဟု ပြောဆိုသည်။

KIA အဖွဲ့ဘက်မှ ဒရုန်းဖြင့် သွားရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည့်နောက်ပိုင်း ဆပ်ပြာချောင်းရွာ ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ကောင်စီအဖွဲ့က KIA နှင့် PDF အဖွဲ့ရှိသည့်ဘက်သို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ၁ နာရီခန့်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဆက်လက်သိရသည်။

ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရသည့် စစ်ကောင်စီအဖွဲ့သည် နိုဝင်ဘာလ ၁၅ ရက်နေ့ အင်းတော်ဘက်မှ ဖားကန့်ဝှေ့ခါဘက်သို့ တက်လာစဉ် ဖားကန့်မြို့နယ်အစပ် ညောင်ထောက်ကုန်းနေရာတွင် မွန်းလွှဲ ၁ နာရီဝန်းကျင်ခန့်တွင် KIA နှင့် PDF အဖွဲ့၏ ကြားဖြတ်တိုက်ခိုက်ခံရသည့်အဖွဲ့ဖြစ်သည်။

အဆိုပါ စစ်ကောင်စီအဖွဲ့သည် ဖားကန့်ဘက်သို့ စစ်အင်အားတိုးချဲ့ရန် တက်ခဲ့သည့် တပ်မ ၁၁ လက်အောက်ခံ ခလရ ၄၂ အဖွဲ့ဖြစ်ပြီး ဒရုန်းဖြင့်တိုက်ခိုက်ခံရသော်လည်း လက်ရှိအချိန်အထိ ဆပ်ပြာချောင်းရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်လျက်ရှိနေကြောင်း ဒေသခံများထံမှသိရသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...