လွတ်မြောက်လာသည့် အဆိုတော် စောဖိုးခွားအား ထောင်ဗူးဝ၌ ပြန်လည်ဖမ်းဆီး၍ အင်းစိန်အချုပ်ထောင်သို့ ပြန်ပို့

လွတ်မြောက်လာသည့် အဆိုတော် စောဖိုးခွားအား ထောင်ဗူးဝ၌ ပြန်လည်ဖမ်းဆီး၍ အင်းစိန်အချုပ်ထောင်သို့ ပြန်ပို့

အဆိုတော် စောဖိုးခွားအား ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက အင်းစိန်ထောင်မှ ပြန်လည်လွှတ်ပေးလိုက်သော်လည်း ထောင်ဗူးဝတွင် ပြန်လည်ဖမ်းဆီး၍ ယခု အခါတွင် အင်းစိန်အချုပ်ထောင်သို့ ပြန်လည်ပို့ဆောင်ထားကြောင်း သိရသည်။

“စောဖိုးခွားက ၅၀၅-က လွတ်ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မတစ်ခုနဲ့ နောက်မှုထပ်စွဲလို့ မလွတ်ပါ။ အခု အချုပ်ထောင်မှာလို့သိရပါတယ်။” ဟု အနုပညာရှင်များ၏ အမှုများအား လိုက်လံဆောင်ရွက်ပေးနေသော ရှေ့နေကြီးတစ်ဦးမှ မဇ္ဈိမ ကိုဖြေကြားသည်။

အဆိုတော် စောဖိုးခွား(ခ) စောအလန်စတီးအား သဘာဝဘေးစီးမံခန့်ခွဲမှုပုဒ်မ ၃၀ (က)နှင့် ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် တရားစွဲကာ စစ်ကောင်စီတပ်မှ အာဏာစသိမ်းသည့်နေ့ရက်တွင်ပင် ဖမ်းဆီးထားခြင်းဖြစ်ပြီး ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့သည်။ ယခုအခါတွင် မည်သည့်ပုဒ်မဖြင့် တရားထပ်မံစွဲဆိုခြင်းပြုလုပ်ထားသည်ကို မသိရှိရသေးပေ။

အလားတူဖြစ်ရပ်မျိုးကို ကြည့်မြင့်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ ယမန်နှစ်ကပြုလုပ်ခဲ့သော ရန်ကုန်လူထုသပိတ်တွင် သတင်းလိုက်ပါရယူစဉ် စစ်ကောင်စီတပ်မှ ကားဖြင့်တိုက်ကာ အကြမ်းဖက်ဖြိုခွဲဖမ်းဆီးခံခဲ့ရသော သတင်းထောက် နှစ်ဦးအနက် အမျိုးသမီးသတင်းထောက်မှာ ပြင်းထန်ဒဏ်ရာရခဲ့သဖြင့် အသနားခံစာတွင် ထောက်ခံတင်ပြကြ၍ လွတ်မည့်ဆဲဆဲ၌ သက်သေများကို စစ်ဆေးဖို့ချိန်းဆိုထားပြီး အမှုအတွက် တရားရင်ဆိုင်နေစဉ် စက်တင်ဘာလ ၂၂ ရက်နေ့က တာမွေမြို့မရဲစခန်း စခန်းမှူးက တရားလိုပြုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် သင်္ဃန်းကျွန်းခရိုင်တရားရုံးတွင် ထပ်မံတရားစွဲဆိုခဲ့သဖြင့် လက်ရှိတွင် ၎င်းသတင်းထောက် အမျိုးသမီးမှာ ထပ်တိုးအမှုပါ ရင်ဆိုင်နေရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...