နိုုင်ငံတော် အတုုိင်ပင်ခံနှင့်မကြာမီတွေ့ဆုံလိုကြောင်း RCSS/SSA ဥက္ကဌ ပြောကြား

နိုုင်ငံတော် အတုုိင်ပင်ခံနှင့်မကြာမီတွေ့ဆုံလိုကြောင်း RCSS/SSA ဥက္ကဌ ပြောကြား
by -
ဖနိဒါ
ရှမ်းပြည်နယ်အတွင်း တုုိက်ပွဲဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ဆွေးနွေးရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် နုုိင်ငံတော်အတုုိင်ပင်ခံ ဒေါ်အောင်ဆန်းစုုကြည်တို့ မကြာမီ ရက်ပုုိင်းအတွင်း နေပြည်တော်တွင် တွေ့ဆုံုသွားရန်မျှော်လင့်ကြောင်း RCSS/SSA ဥက္ကဌ ဗုုိလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။ ဒေါ်အောင်ဆန်းစုုကြည်က RCSS/SSA ဥက္ကဌ ဗုုိလ်ချုပ်ကြီးယွပ်ဆစ်အား ဖိတ်ကြားမှုအပေါ် ကျေးဇူးတင်ကြောင်း၊ တွေ့ဆုံုမည့် ရက်အတိအကျကုုိ စက်တင်ဘာလ ၈ ရက်နေ့တွင် နိုုင်ငံတော် အတုုိင်ပင်ခံ ရုံုးက စာပေးပုုိ့လာမှ သိရမည် ဖြစ်ကြောင်း သူက မဇ္စျိမကုုိ ပြောသည်။ “ဒေါ်အောင်ဆန်းစုုကြည်က ကျနော့်ကုုိ ဖိတ်တာကုုိ ကျေးဇူးတင်တယ်။ ကျနော်လည်း ဒေါ်အောင်ဆန်းစုုကြည်ကုုိ တွေ့ချင်တယ်။ ငြိမ်းချမ်းရေးပေါ့။ အန်စီအေ အတုုိင်းဘဲ သွားဆွေးနွေးမယ်”ဟုု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။ ထုုိ့ပြင် တပ်မတော်မှ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့်လည်း တွေ့ဆုံုမည်ဖြစ်ကြောင်း သူက ပြောသည်။ RCSS/SSA နှင့် ယခင်အစုုိးရတုုိ့အကြား အပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူစာချုပ် ချုပ်ဆုုိထားသော်လည်းမြေပြင်အခြေအနေတွင် အမြင်လွဲမှားမှုများ ရှိသဖြင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။ “စာချုပ် ချုပ်ထားပေမဲ့ သူတိုု့ တမျိုး၊ ကျနော်တိုု့ အမြင်က တမျိုး အဲဒီကိစ္စတွေ ဆွေးနွေးမယ်”ဟုု ဗုုိလ်ချုပ်ကြီး ယွပ်ဆစ်က ပြောသည်။ စက်တင်ဘာလ ၄ ရက်နေ့က RCSS/SSA မှ ဒုုဗိုုလ်မှူးကြီး စုုိင်ငင်းက ရန်ကုန်တွင် တပ်မတော် တပ်မှူးတစ်ချို့အပါအဝင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနှင့် တွေ့ဆုံုကာ ဒေါ်အောင်ဆန်းစုုကြည် အပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗုုိလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံရန် အဆုုိပြုခဲ့သည်ဟုု သိရသည်။ ၂၀၁၁ ခုုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က RCSS/SSA သည် အစုုိးရနှင့် ပြည်နယ်အဆင့် ပဏာမ သဘောတူညီချက် လက်မှတ် ရေးထုုိးခဲ့ပြီး ပြည်ထောင်စုုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကုုိ ၂၀၁၂ ခုုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် လက်မှတ်ရေးထုုိးခဲ့သည်။
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...