တိုက်ပွဲ ဖြစ်ပြီးနောက် စစ်တပ်က ရွာသား အိမ်များ မီးရှို့

တိုက်ပွဲ ဖြစ်ပြီးနောက် စစ်တပ်က ရွာသား အိမ်များ မီးရှို့

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပျူစောထီး တပ်ဖွဲ့ဝင် တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ပျူစောထီးအဖွဲ့ဝင် သေဆုံးမှုများရှိခဲ့ပြီးနောက် ဒေသခံများ၏ နေအိမ်အချို့ကို စစ်တပ်က မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

နှမ်းဆီကန်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၁၂ ရက်နေ့က နှစ်ဖက်ကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ပျူစောထီးအဖွဲ့ဝင် ၅ ဦး သေဆုံးသွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက အတည်ပြုပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် - မြိုင်မြို့နယ် က တာဝန်ရှိသူက “သရက်ကန်က ပျူ ၁၀ ယောက်က တောင် သူတွေ စိုက်ထားတဲ့ မြေပဲခင်းဝင်နုတ်ဖို့ ဝင်လာကြတာ။ အဲ့မှာ ကျနော်တို့တွေက ပေါင်းပြီးပစ်တာတော့ ပျူ ၆ ယောက်ကတော့ ပွဲချင်းပြီးသေတယ်။ ၁ ယောက်ကတော့ လွတ်သွားတယ်” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ်၊ ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့၊ မုန် တိုင်းတပ်ဖွဲ့၊ MUGDF တပ်ဖွဲ့တို့ ပူးပေါင်း ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်ဟု ၎င်းတာဝန်ရှိသူက ပြောသည်။ ဒေသခံ တောင်သူများ စိုက်ပျိုးထားသည့် မြေပဲခင်းများကို ပျူစောထီးအဖွဲ့ဝင်များက ဝင်နုတ်နေချိန်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေသခံတစ်ဦးက “ပျူစောထီးတွေ တိုက်ခိုက်ခံရပြီးတော့ သူတို့ ညနေဘက် ရွာကိုမီးလာရှို့တာ။ ရွာထဲမှာလည်း သေနတ်တွေရမ်းပစ်တယ်။ အချက် ၁၀၀ ဝန်းကျင် လောက်ရှိတယ်” ဟု ပြောသည်။ စစ်ကောင်စီတပ် တွင်းမကျေးရွာနှင့် သရက်ကန်ကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူးစောထီးအဖွဲ့ဝင်များ အင်အား ၆၀ ဝန်းကချင်ခန့်က နှမ်းဆီကန်ကျေးရွာထဲဝင်လာပြီး နေအိမ် ၁၂ ကို မီးရှို့သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှမ်းဆီကန်ကျေးရွာထဲ စီးနင်းဝင်ရောက်လာစဥ်က ရွာပတ်ဝန်းကျင်တွင် အစောင့် ကင်းများချကာ နေအိမ်များထဲ ဝင်ရောက် မွှေနှောက်ရှာဖွေခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

နှမ်းဆီကန်ကျေးရွာကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့်အတွက် နေအိမ် ၇ လုံးခန့် မီးလောင် ပျက်စီးခဲ့သေးသည်။

April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...