ချောင်းနှစ် ရဲစခန်း တိုက်ခိုက်မှု ရဲ သုံးဦးသေ၊ လေးဦး ဖမ်းခံရ

ချောင်းနှစ် ရဲစခန်း တိုက်ခိုက်မှု ရဲ သုံးဦးသေ၊ လေးဦး ဖမ်းခံရ

ချောင်းနှစ်ခွ ရဲစခန်းတိုက်ခိုက်မှုတွင် ရဲ သုံးဦးသေ၊ လေးဦးဖမ်းမိကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ပြောဆို လိုက်သည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်း တိုက်ခိုက်မှုဖြစ်စဥ်တွင် ရဲသုံးဦး သေဆုံးပြီး၊ လေးဦးကို အရှင်ဖမ်းဆီးရမိသည်ဟု နဂါးနီစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

“စခန်းမှူး လှကျော်ဦး၊ ဒုတပ်ကြပ် စိုးငြိမ်းဦး၊ တပ်သား အောင်နန်းဇွန်တို့ သေဆုံးပြီး၊ ရဲဘော် တလာကိုနဲ့ ဒုရဲ အုပ် နန္ဒစိုးတို့ ထွက်ပြေးသွားတယ်။ တပ်ကြပ်ကြီး အေးကို၊ ဒုတပ်ကြပ် မျိုးအေး၊ ရဲတပ်သား လွင်ကိုဟိန်းနဲ့ ရဲ တပ်သား ကိုလင်းတို့ကို အရှင်ဖမ်းဆီးရမိခဲ့တယ်” ဟု နဂါးနီစစ်ကြောင်း တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ချောင်းနှစ်ခွကျေးရွာ ရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့နှင့်နဂါးနီ စစ်ကြောင်းတို့က နိုဝင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၅ နာရီခွဲ အချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စခန်းမှူး အပါအဝင် သုံးဦးသေဆုံးပြီး၊ ဒုရဲအုပ်အပါ နှစ်ဦးက ထွက်ပြေး လွတ် မြောက်သွားသည်။

သို့သော် ချောင်းနှစ်ခွကျေးရွာ ရဲစခန်း တိုက်ခိုက်မှုဖြစ်စဥ်အတွင်း တပ်ကြပ်၊ ဒုတပ်ကြပ်နှင့်

ရဲတပ်သား နှစ်ဦး တို့ ကို အရှင်ဖမ်းဆီးရမိထားသည်ဟု နဂါးနီစစ်ကြောင်းက တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။

ထို့အပြင် AK 47 တစ်လက်၊ M16 ၄ လက်၊ G3 တစ်လက်၊ ၆၀ မမပြောင်းတို တစ်လက်၊ ရှေ့ထွက်မိုင်း ၂လုံး၊ AK 47 ကျည် ၂၀၀၊ M16 ကျည် ၅၀၀၊ G3 ကျည် ၃၀၀၊ ၆၀ မမ ကျည် ၁၀ လုံး

စသည့်လက်နက်ခဲ့ယမ်းများလည်း သိမ်းဆည်းရမိကြောင်း နဂါးနီ စစ်ကြောင်း၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထုတ်ပြန်ထားသည်။

April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...