ဗုံးကွဲမှုကြောင့် ပုသိမ်တန်ဆောင်တိုင်မီးမျှောပွဲ အချိန်ပြောင်း

ဗုံးကွဲမှုကြောင့် ပုသိမ်တန်ဆောင်တိုင်မီးမျှောပွဲ အချိန်ပြောင်း

ဗုံးပေါက်ကွဲမှုကြောင့် ပုသိမ် တန်ဆောင်တိုင် မီးမျှောပွဲ အချိန်ပြောင်းပြီး ကျင်းပခဲ့ရသည်ဟု ဒေသခံများက ပြောသည်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကမ်းနားလမ်း၊ ငဝန်မြစ်အတွင်း ပြုလုပ်သည့် စစ်ကောင်စီ၏ တန်ဆောင်တိုင်မီးမျှောပွဲ တွင် ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ အချိန်ပြောင်းလဲ ကျင်းပခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့၊ ညနေ ၆ နာရီ ၁၅ မိနစ်ခန့် က ဗုံးပေါက်ကွဲတစ်ခု ဖြစ်ပွားခဲ့ရာ ည ၆ နာရီခွဲ အချိန်တွင် ကျင်းပရန် စီစဉ်ထားသည့် အဆိုပါ မီးမျှောပွဲကို ည ၈ နာရီအချိန်သို့ ပြောင်းလဲ၍ ကျင်းပခဲ့ရသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက “ပေါက်ကွဲတဲ့ အသံ အတော်ကျယ်တယ်။ မီးမျှော ပွဲလာတဲ့ သူတွေရော ရေပေါ် ဈေးလာတဲ့သူတွေရော ပြေးကြ လွှားကြ ဖြစ်ကုန်ကြတယ်” ဟု ပြောသည်။

မီးမျှောပွဲ ကျင်းပမည့် နေရာနှင့် မီတာ ၃၀၀ ခန့်အကွာ အမှတ် ၂ ရပ်ကွက် ကမ်းနားလမ်း ရေပေါ်ဈေးအနီးက မကျည်းပင်လမ်း တံတားထောင့်တွင် ဗုံး ပေါက်ကွဲမှု ဖြစ်ပြီးနောက် မူလအစီအစဉ်အရ ည ၆ နာရီခွဲ အချိန်တွင် ကျင်းပရန်စီစဉ်ထားခြင်းကို ည ၈ နာရီ ကျော်သို့ ပြောင်း၍ ကျင်းပခဲ့ရခြင်း ဖြစ်သည်။

မီးမျှောပွဲသို့ စစ်ကောင်စီ၏ အနောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တိုင်းမှူး နှင့် စစ်ကောင်စီခန့် ဧရာဝတီတိုင်း ဝန်ကြီး ချုပ်တို့ ပါဝင်သည့် အဖွဲ့ဝင်များ ရောက်လာပြီး မကြာမီ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က တန်ဆောင်တိုင် မီးထွန်းပွဲတော် ဆီမီးမျှောပွဲ နှင့် စတုဒီသာပွဲကို နိုဝင်ဘာလ ၇ ရက် နေ့ အစီအစဉ်ဖြင့် လုံခြုံရေး ပိုမိုတင်းကြပ်ထားသည့် အကြားမှ ဗုံးဖောက်ခွဲ ခံလိုက်ရခြင်း ဖြစ်သည်ဟု ဒေသခံ သတင်းအရစ်အမြစ် တစ်ဦး က ပြောသည်။

စစ်ကောင်စီ လုံခြုံ ရေး တပ်ဖွဲ့ နှင့် နီးစပ်တစ်ဦးက “လုံခြုံရေးက စည်းသုံးစည်းနဲ့ ထားတာ အနီးကပ်စည်းဆို မြို့တော်ခန်းမနဲ့ အိုးရှင်းစင်တာမှာ စနိုက်ပါတွေနဲ့ ထားတာ” ဟု ပြောသည်။ အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့် အဖွဲ့ က လုပ်ဆောင်ခြင်းဖြစ်သည်ကိုမူ မည်သူမည်ဝါ၊ မည်သည့် အဖွဲ့အစည်းကမှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းပင် မရှိသေးပေ။

ထိုဗုံးပေါက်မှုဖြစ်စဉ်အတွက် ဒေသခံလူထု အပေါ် ထိမှန်ဒဏ်ရာ ရခြင်း၊ သေဆုံးခြင်းများ မရှိဘူးဟု ဒေသခံ သတင်းအရင်းအမြစ်က ပြောသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့၊ နေ့လည် ၁၂ နာရီကျော် အချိန်က ပုသိမ်မြို့ အမှတ် (၁၃) ရပ်ကွက် မြက်တို လမ်းရှိ လုံခြုံရေး တင်းကြပ်စွာချထားသည့် စုံစမ်းစစ်ဆေးရေး (စစစ)ရုံး ဝင်း အနီးတွင် ဗုံးပေါက်မှု ဖြစ် ပွားခဲ့သေးသည်ဟု ဒေသခံ သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...