မွန်ပြည်နယ်က ထွက်ရှိသည့် ရာဘာများကို ဂျပန်နှင့် စင်္ကာပူနိုင်ငံများက ၀ယ်ယူမည်

မွန်ပြည်နယ်က ထွက်ရှိသည့် ရာဘာများကို ဂျပန်နှင့် စင်္ကာပူနိုင်ငံများက ၀ယ်ယူမည်
by -
သံလွင်တိုင်းမ်
မွန်ပြည်နယ်(၁၀) မြို့နယ်လုံးတွင် ရာဘာအရည်အသွေးမြှင့် စက်ရုံတည်ဆောက်ရန် ပြည်နယ်အစိုးရနှင့် ရာဘာလုပ်ငန်းရှင်များ ဆွေးနွေးခဲ့ပြီးနောက် မွန်ပြည်နယ်မှ ထွက်ရှိသည့် အရည်အသွေးမြင့် ရာဘာများကို ဂျပန်နို်င်ငံနှင့် စင်္ကာပူနိုင်ငံတို့မှ ၀ယ်ယူရန်ကမ်းလှမ်းထားကြောင်း မွန်ပြည်နယ်၊ ရာဘာစိုက်ပျိုးထုတ်လုပ် သူများအသင်းထံမှ သိရသည်။

SANY1389မွန်ပြည်နယ်ထွက် ရာဘာများသည် သက်ဆိုင်ရာဌာနများ၏ ထောက်ပံ့ပေးမှုနှင့် နည်းပညာအကူအညီ လိုအပ်ချက်များကြောင့် အရည်အသွေးညံ့ဖျင်းနေပြီး ပြည်ပသို့ တင်ပို့နိုင်သည့် အရည်အသွေးမထုတ်နိုင်ဘဲ ရာဘာစျေးကွက် ကျဆင်းနေကြောင်း၊ယင်းသို့မဖြစ်စေရန် ပြည်နယ်အစိုးရ၏ အကူအညီဖြင့် မွန်ပြည်နယ် (၁၀) မြို့နယ်လုံးမှာ ရာဘာအရည်အသွေးမြှင့် စက်ရုံတည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။

“စင်္ကာပူနိုင်ငံကလည်း ကျွန်တော်တို့ ရာဘာတွေကို ၀ယ်ယူဖို့အတွက် ၁ ရက်နေ့က ကျွန်တော်တို့ ကုန်စည် ဒိုင်မှာ လာရောက်တွေ့ဆုံ ညှိနှိုင်းတာတွေရှိတယ်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဂျပန်သွားတုန်းက ဂျပန်ကလည်းဝယ်ယူဖို့ပြောထားတာတွေရှိပါတယ်။ သူတို့လိုချင်တဲ့ တန်ဝိတ်ကို ကျွန်တော်တို့ လုပ်ပေးနိုင်ရင် ကမ္ဘာ့စျေးကွက်ကို တက်လှမ်းနိုင်မှာပါ။” ဟု မွန်ပြည်နယ်ရာဘာစိုက်ပျိုးသူများအသင်းမှ ဦးသက်ဦးက ပြောကြားသည်။

မွန်ပြည်နယ်က ရာဘာလုပ်ငန်းရှင်များအနေဖြင့် ရာဘာလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် ဘဏ်ချေးငွေ ထောက်ပံံ့မှုများကို မျှော်လင့်နေပြီး ဇူလို်င်လက ရာဘာစျေးနှုန်း တစ်ပေါင်လျှင် ၈၄၀ ကျပ်သာပေါက်စျေး ရှိခဲ့သော်လည်း သြဂုတ်လမှာ ရာဘာစျေးပြန်လည် မြင့်တက်လာကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

“လက်ရှိ RSS1 အရည်အသွေးအတွက် မုဒုံပေါက်စျေးက ၉၀၀ အထက်ရှိပါတယ်။ ၉၂၀ ကနေ ၉၅၀ ကြားမှာ ရှိပါတယ်။” ဟု ဦးသက်ဦးက ပြောကြားသည်။

မြန်မာ့ရာဘာ စျေးသည် ကမ္ဘာ့စျေးနှင့် နှိှုင်းယှဉ်ကြည့်ပါက တစ်ပေါင်ကိို ၂၀၀ ကျပ်ကွာဟနေပြီး တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၀၀၊တန် တစ်သိန်းကို အမေရိကန်ဒေါ်လာ ၃၀ မီလီယံ(မြန်မာငွေ ၃၉၀ ဘီလီယံ) နစ်နာနေကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ရာဘာအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရာဘာအရည်အသွေးမြှင့် စက်ရုံကို မွန်ပြည်နယ် (၁၀) မြို့နယ်လုံးမှာတည်ဆောက်ရန် စီစဉ်နေပြီး စက်ရုံ တစ်ရုံအတွက် သိန်း ၂၀၀၀ ကုန်ကျမည်ဆိုပါက ပိုင်ရှင်မှ သိန်း (၈၀၀) နှင့် ပြည်နယ် အစိုးရက သိန်း (၁၂၀၀) ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း သိရသည်။

လက်ရှိတွင် ကျိုက်မရောမြို့နယ်နှင့် ပေါင်မြို့နယ်မှာ အဆိုပါ စက်ရုံကို တိုးချဲ့နေပြီး သထုံ၊ မုဒုံ၊ သံဖြူဇရပ် နှင့် ရေးမြို့နယ်တို့မှာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်စီစဉ်နေကြောင်း ၊ မွန်ပြည်နယ်တွင် ရာဘာဧက (၅) သိန်း ၀န်ကျင်းရှိပြီး ဧက (၃) သိန်းကျော် ရာဘာထုတ်လုပ်နေကြောင်း ရာဘာစို်က်ပျိုးထုတ် လုပ်သူများအသင်းများထံမှ သိရသည်။

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...