စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဒေသခံ ၅ ဦးကို ငွေကျပ် သိန်း ၂၀ ဖြင့် ပြန်ရွေးယူခိုင်းသော်လည်း ပြန်မလွတ်ပေး

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဒေသခံ ၅ ဦးကို ငွေကျပ် သိန်း ၂၀ ဖြင့် ပြန်ရွေးယူခိုင်းသော်လည်း ပြန်မလွတ်ပေး
မြစ်ကြီးဆန္ဒပြပွဲတွင် မြင်တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ
မြစ်ကြီးဆန္ဒပြပွဲတွင် မြင်တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ

ဗန်းမောက်မြို့နယ် စက်တောကျေးရွာတွင် နိုင်ဝင်ဘာလ ၆ ရက်နေ့ ဒေသခံပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ဖမ်းဆီးသွားပြီး ငွေကျပ် သိန်း ၂၀ ဖြင့် လာရောက်ရွေးယူခိုင်းခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဖမ်းဆီးခံရသည့် ဒေသခံ ၄ ဦးအား ငွေကျပ် သိန်း ၂၀ ပေးလျှင် ပြန်လွတ်ပေးမည်ဟု စစ်ကောင်စီအဖွဲ့က ခြိမ်းခြောက်ပြောဆိုခဲ့သည့်အတွက် မိသားစုဝင်များက ငွေကျပ်သိန်း ၂၀ ပေးခဲ့ရသော်လည်း ပြန်လည်လွတ်ပေးခြင်းမရှိသည့်အပြင် ဒေသခံတစ်ဦးကိုပါ ထပ်မံဖမ်းဆီးထားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောသည်။

“ဖမ်းသွားတဲ့သူတွေကို ပြန်လွတ်ပေးဖို့ ငွေ သိန်း ၂၀ တောင်းတယ်။ အဲ့ကြောင့် သူတို့ရဲ့ မိသားစုတွေက ပေါင်းပြီး သိန်း ၂၀ ပေးလိုက်ရတယ်။ ဒါပေမယ့်အခုချိန်အထိ ပြန်မလွတ်ပေးသေးဘူး။ ပြီးရင် အဲ့ဖမ်းဆီးခံရတဲ့သူတွေကို သွားတွေ့တဲ့ တစ်ယောက်ကိုပါ ပြန်ဖမ်းထားတယ်”ဟုပြောသည်။

 နိုဝင်ဘာလ ၆ ရက်နေ့တွင် ဗန်းမောက်မြို့ဘက်မှ စစ်အင်အား ၆၀ ဝန်းကျင်ခန့်ပါရှိသည့် စစ်ကြောင်းသည် စက်တောကျေးရွာဘက်သို့ ခြေလျင်ဖြင့် ဝင်ရောက်လာခဲ့ပြီးနောက် လမ်းမကြီးပေါ်တွင် သွားလာသည့် ဒေသခံပြည်သူများကို ဖမ်းဆီးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် ဒေသခံပြည်သူ ၅ ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို သက်ဆိုင်ရာ မိသားစုဝင်များက အသေးစိတ်မသိရသေးကြောင်း သိရသည်။

လတ်တလော ဗန်းမောက်မြို့နယ်အတွင်းရှိ နေရာတစ်ချို့တွင် ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်ဟုလည်းသိရသည်။

ဗန်းမောက်နယ်တွင် ပြီးခဲ့သောအောက်တိုဘာလ ၂၀ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း ၂ ဖက်တပ် စစ်ရေးတင်းမာလျက်ရှိနေသည့် ဒေသတစ်ခုအပါဝင်ဖြစ်သည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...