ပုလောတွင် အင်အား ၅၀ခန့်ရှိ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ပုလောတွင် အင်အား ၅၀ခန့်ရှိ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်းဒေသကြီ၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မင်းထိန်ရွာအနီးတွင် ယနေ့ နံနက်အစောပိုင်းက အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိကြောင်း နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောဆိုသည်၊၊

ပုလောမြို့နယ် မင်းထိန်ရွာအနီး ယနေ့ နံနက် ၅ နာရီဝန်းကျင်ခန့်တွင် ခြေလျင်ဖြင့် လျှောက်လာသော စစ်ကောင်စီတပ်သားများကို ပုလော PDFမှ မိုင်းခြောက်လုံးဖြင့် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီ တပ်သား ၁၀ ဦးကျော်ထိခိုက်သေဆုံးခဲ့ကြောင်း ပုလော PDF တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။

၎င်းက “မထုတ်ပြန်ရသေးဘူး၊ အဲ့ဒါနဲ့ပတ်သက်ပြီး။ မိုင်းထိတဲ့လူတွေကို ထမ်းထမ်းပြေးနေတာ အခု ၊ မနက် ၅နာရီ မိနစ် ၄၀လောက် မင်းထိန်ရွာ အနီးမှာ။ မိုင်းက ၆လုံးဆွဲတာ ကားနဲ့မလာဘူး ခြေလျင်လျှောက်လာတာ အင်အား ၅၀ ကျော်တယ်။ သူတို့လာမယ်ဆိုတာ သတင်းရလို့ သွားစောင့်ပြီးတော့ကိုလုပ်တာ”ဟု ကေအိုင်စီသို့ ပြောသည်၊၊

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအပြင် ပုလောပြည်သူ့ကာကွယ်ရေးဘက်မှ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း ၎င်း PDF တာဝန်ရှိသူက ဆက်ပြောသည်။

မြိတ်-ထားဝယ်လမ်းပိုင်း ပုလောမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီယာဉ်တန်းများသည် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရသည့်အပြင် တိုက်ပွဲဖြစ်ပွားများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲကြောင့် ထောင်နှင့်ချီသည့် ဒေသခံများလည်း ယနေ့အချိန်ထိ စစ်ဘေးရှောင်နေကြရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...