ရေးမြို့နယ်မှာ ဆိုင်ကယ်နဲ့ ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်ကို လည်ပင်းထိုးသွင်း ဒဏ်ရာတွေနဲ့ ပြန်တွေ့

ရေးမြို့နယ်မှာ ဆိုင်ကယ်နဲ့ ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်ကို လည်ပင်းထိုးသွင်း ဒဏ်ရာတွေနဲ့ ပြန်တွေ့

မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာက ဆိုင်ကယ်နဲ့အတူပျောက်ဆုံးနေတဲ့ အသက် (၁၆) နှစ်အရွယ်အမျိုးသမီးငယ်ကို လည်ပင်ထိုးသွင်း ဒဏ်ရာတွေနဲ့ လမ်းဘေးခြုံကြားတစ်နေရာမှာ ပြန်လည် တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၆) ရက်နေ့ ညနေပိုင်းက နှစ်ကရင်ကျေးရွာအထွက် ဆင်နှစ်ကောင်အကွေ့ မရောက်ခင် သုဿာန်အနီးက ခြုံကြားမှာ မဖူးပွင့်ကဗျာကို လည်ပင်းထိုးသွင်းဒဏ်ရာ (၅) ချက်အပြင် ထိုးကြိတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ပြန်တွေ့ခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ နေ့လည်ပိုင်းက မဖူးပွင့်ကဗျာ နေအိမ်မှာရှိနေချိန် တစ်ရွာတည်းနေ သူငယ်ချင်းဖြစ်သူ မပြည့်ဖြိုးဝေမှ နေအိမ်ရောက်ရှိလာပြီး ဆိုင်ကယ်နဲ့ဘောလုံးပွဲလိုက်ပို့ပေးဖို့ အကူအညီတောင်းလာခဲ့တယ်လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။

အဲဒီနောက် မဖူးပွင့်ကဗျာမှ မပြည့်ဖြိုးဝေကို ဆိုင်ကယ်နဲ့တင်ကာ ထွက်သွားရာ လမ်းကနေ စောင့်နေတဲ့ မပြည့်ဖြိုးဝေရဲ့ယောင်္ကျားဖြစ်သူ ချမ်းမွန်(ခ) အာရုံဦးက ထပ်မံလိုက်ခဲ့ပြီး ဆိုင်ကယ်နဲ့ ၃ ဦးသား ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ညဘက်ရောက်တဲ့အထိ မဖူးပွင်းကဗျာ နေအိမ်ပြန်မရောက်လာတာကြောင့် မိသားစုနဲ့ဒေသခံတွေက လိုက်လံရှာဖွေခဲ့တယ်လို့ သိရပါတယ်။

မဖူးပွင့်ကဗျာကို ပြန်တွေ့ချိန်မှာ ဆိုင်ကယ်နဲ့လက်ဝတ်လက်စားတွေ မတွေ့ရတော့သလို မပြည့်ဖြိုးဝေနဲ့ ခင်ပွန်းဖြစ်သူ ချမ်းမွန်(ခ)အာရုံဦးတို့ ၂ ဦးမှာလည်း ဆိုင်ကယ်နဲ့အတူ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မဖူးပွင့်ကဗျာဟာ မော်လမြိုင်ဆေးရုံကြီးမှာ တက်ရောက် ကုသမှုခံယူနေရပြီး သတိပြန်ရပြီလို့ မိသားစုဝင်တွေက ပြောပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ - CJ

July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...