ကလေးငယ် ၂ ဦးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ ၄ ဦးကို သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်

ကလေးငယ် ၂ ဦးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ ၄ ဦးကို သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် လေးဖိုးကျေးရွာတွင် ဖြစ်ပွားခဲ့ သော အရွယ်မရောက်သေးသူ ကလေးငယ် ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် အမျိုးသား ၄ ဦးအား သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်အသီးသီးချမှတ်လိုက်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က အမျိုးသား ၄ ဦးမှ အရွယ်မရောက်သေးသည့် ၉ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေးငယ်နှစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှုကို ဝင်းရေးမြို့နယ် ကရင်အမျိုးသားရဲတပ်ဖွဲ့မှ အမှုဖော် ထုတ်ဖမ်းဆီးခဲ့ပြီးနောက် ကျူးလွန်သူများကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် နှစ်ရှည်ထောင်ဒဏ်နှင့် သေဒဏ်အမိန့်စီရင်ချက်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဒူးပလာယာခရိုင်တရားရုံး တာဝန်ရှိသူများထံမှ သိရသည်။

ဝင်းရေးမြို့နယ် လေးဖိုးကျေးရွာနေ စောမောင်ချစ်ဆုံး အသက် ၃၉ နှစ်နှင့် စောဖားအဲ့တီး အသက် ၃၅ နှစ်တို့သည် လေးဖိုးရွာနေ အသက် ၉ နှစ်နှင့် အသက် ၁၂နှစ်အရွယ် ကလေးငယ်နှစ်ဦးအား မုဒိန်းကျင့် သတ်ဖြတ်ခဲ့မှုအတွက် ဒူးပလာယာခရိုင် တရားစီရင်ရေးခုံရုံးအဖွဲ့မှ ကော်သူးလေ ရာဇဝတ်မှု ဥပဒေအရ သေဒဏ်အဖြစ်လည်းကောင်း၊ လေးနော်(တောင်စွန်း)ရွာနေ စောအဲ့ဒို့ထူး အသက် ၂၇ နှစ်နှင့် လေးဖိုးရွာ နေ စောစိုးဝင်းသန်းအသက် ၂၃ နှစ်တို့နှစ်ဦးအား လူသတ်မုဒိမ်းမှုတွင် ပါဝင်သည့်အတွက် နှစ်ရှည် ထောင်ဒဏ်အဖြစ်လည်းကောင်း အသီးသီးချမှတ်သွားခဲ့ကြောင်း ခရိုင်တရားသူကြီးက ပြောသည်။

ဒူးပလာယာခရိုင် တရားသူကြီး ပဒိုစောချာလပတ်က “ စောအဲ့ဒို့ထူးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁ဝ နှစ်၊ စောစိုးဝင်းသန်းကိုတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၇ နှစ်၊ ကျန်နှစ်ဦးကတော့ သေဒဏ်ပါ။ သေဒဏ်နှစ်ဦးကိုတော့ ဗဟိုတရားရုံးချုပ်ကနေ အမှုတွဲတင်ပို့ထားတယ်။ သူတို့တွေက အပြင်းအထန် နာကျင်စေမှု၊ လူသတ်မှု၊ မုဒိမ်းမှုတွေပေါ့။ ဗဟိုကအမှုတွဲစိစစ်ပြီးရင် မူလစီရင်အမိန့်အတိုင်း ပြန်အ ကောင်ထည်ဖော်သွားရမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် လေးဖိုးကျေးရွာနေ အရွယ်မ ရောက်သေးသည့် ကလေးငယ်ညီအစ်မနှစ်ဦးသည် ကျေးရွာအနီး ဥယျာဉ်ခြံတစ်ခုတွင် ဟင်းသီး ဟင်းရွက်သွားခူးရင်း ပျောက်ဆုံးခဲ့ပြီးနောက် ဧပြီလ ၂၅ ရက်နေ့တွင် မြို့နယ်ကရင်အမျိုးသားရဲ တပ်ဖွဲ့နှင့် ရွာသားများမှ သွားရောက်ရှာဖွေကြရာတွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ပြီး အ လောင်းများအား စစ်ဆေးရာတွင် မုဒိမ်းကျင့်သတ်ဖြတ်ခံထားလျက်ရှိကြောင်း ရဲဌာန၏ အမှုတွဲမှတ် တမ်းများအရ သိရသည်။

သေဒဏ်ချမှတ်ခံထားရသည့် တရားခံများကို KNU ၏ ကော်သူးလေ ရာဇဝတ်ဥပဒေ ပုဒ်မ ၁၄ အရ ခရိုင် တရားစီရင်ရေးခုံရုံး၏ သေဒဏ်စီရင်ချက်အမိန့်အား ဗဟိုတရားရုံးချုပ်ထံ တင်ပြရပြီး အမှုတွဲစိစစ် အတည်ပြုပြီးမှ မူလစီရင်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရသည်ဟု KNU ၏ တရားစီရင်ရေးဥပဒေအရ သိရသည်

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...