စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းတွင် အောက်တိုဘာလအတွင်း နေအိမ် ၁၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ဟု NUG မီးသတ်ဦးစီးဌာန သတင်းထုတ်ပြန်

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းတွင် အောက်တိုဘာလအတွင်း နေအိမ် ၁၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ဟု NUG မီးသတ်ဦးစီးဌာန သတင်းထုတ်ပြန်

စစ်ကိုင်တိုင်းတွင် စစ်ကောင်စီတပ်က အောက်တိုဘာလအတွင်း ပြည်သူများ၏ နေအိမ် ၁၀၄၄လုံး ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၏ မီးသတ်ဦးစီးဌာနမှ နိုဝင်ဘာလ ၃ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့မှ နေအိမ် ၁၅၅၃ လုံး မီးရှို့ခံခဲ့ရခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း အတွင်းမှ အများဆုံးဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ဆီမှာဆို မီးရှို့တာနားတဲ့လကို မရှိဘူး၊ တန့်ဆည်မြို့နယ်မှာ အာဏာသိမ်းပြီးကတည်းက ဆိုရင် ရွာပေါင်း ၇၀ လောက် မီးရှို့ခံထားရတယ်။ တစ်ချို့က ရွာလုံးကျွတ်ပြာကျသွားတော့ ယာတော လေးတွေမှာ တဲဆောက်နေကြရတယ်၊ တစ်ချို့လည်း နိုင်သလောက်ပြန်ဆောက်နေကြရတာပေါ့ အခြေ အနေတွေကတော့ မတူကြဘူး” ဟု တန့်ဆည်ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

စ်ကိုင်းတိုင်းအတွင်း၌ မင်းကင်းမြို့နယ်တွင် ၅၉ လုံး၊ ကန့်ဘလူမြို့နယ်တွင် ၂၄၉ လုံး၊ စစ်ကိုင်းမြို့နယ် တွင် ၁၃ လုံး၊ တန့်ဆည်မြိုနယ်တွင် ၄၂ လုံး၊ မုံရွာမြို့နယ်တွင် ၃၁ လုံး၊ ဗန်းမောက်မြို့နယ်တွင် ၆၁ လုံး၊ ချောင်းဦးမြို့နယ်တွင် ၃၀၆ လုံး၊ မြောင်မြို့နယ်တွင် ၄၉ လုံး၊ ဝက်လက်မြို့နယ်တွင် ၁၅၉ လုံး၊ ကလေး မြို့နယ်တွင် တစ်လုံး၊ အင်းတော်မြို့နယ်တွင် ၁၀လုံး၊ ယင်းမာပင်မြို့နယ်တွင် ရှစ်လုံး၊ ပုလဲမြို့နယ်တွင် ၁၄ လုံး၊ တမူးမြို့နယ်တွင် တစ်လုံး၊ ကသာမြို့နယ်တွင် နှစ်လုံးနှင့် ဖောင်းပြင်မြို့နယ်တွင် လေးလုံး အောက်တိုဘာလအတွင်း မီးရှို့ခံခဲ့ရကြောင်း NUG မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းသာမကဘဲ ဒေသခံပြည်သူများကိုပါ ဖမ်းဆီးသတ် ဖြတ်ခြင်း၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အုံးများကိုပါ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

တိုင်းနှင့်ပြည်နယ်အချို့၏ မြို့နယ်၊ ကျေးရွာများမှာ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရသော ကြောင့် မီးရှို့ခံရမှု၊ သတ်ဖြတ်ခံရမှုတို့၏သတင်းအချက်အလက်များကို မရရှိသည့်အတွက် မြေပြင်တွင် စစ်ကောင်စီ၏အကြမ်းဖက်မှုများမှာ ပို၍များပြားနိုင်သည်ဟုလည်း ဆိုထားသည်။

နိုဝင်ဘာလ ၁ရက်ကလည်း တန့်ဆည်မြို့နယ် ဂရိတ်ရွာရှိ နေအိမ်၅၅လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့သည်။

စာတည်း ။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...