မန္တလေးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဒုရဲချုပ်အောင်နိုင်သူ၏ နေအိမ်ထပ်မံ ဗုံးပစ်ခံရ

မန္တလေးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဒုရဲချုပ်အောင်နိုင်သူ၏ နေအိမ်ထပ်မံ ဗုံးပစ်ခံရ

မန္တလေးမြို့တွင် စစ်ကောင်စီ၏ ဒုတိယရဲချုပ်တစ်ဦးဖြစ်သည့် ဒုရဲချုပ်အောင်နိုင်သူ၏ နေအိမ်ကို ယမန်နေ့ နိုဝင်ဘာ ၃ ရက် ညပိုင်းက ဗုံးပစ် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၁၄ လမ်း၊ ၈၇ လမ်းနှင့် ၈၈ လမ်းကြားရှိ ဒုရဲချုပ်အောင်နိုင်သူ၏ နေအိမ်ကို ဆိုင်ကယ်စီးလာသူနှစ်ဦးက ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

"သူ့ခြံပတ်လည်ကို ပိုက်ကွန်တွေ ခြံစည်းရိုး အခိုင်အမာနဲ့ကာထားတာ။ အိမ်ရှေ့မှာ ရဲကင်းလည်းရှိတယ်။ အဲဒါကို ဝင်ပစ်သွားတာ။ ရဲကင်းကိုဗုံးမှန်တယ်လို့ကြားတာပဲ" ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းကလည်း ဒုရဲချုပ်အောင်နိုင်သူ၏ နေအိမ်ကို ဗုံးပစ်တိုက်ခိုက်ခြင်းခံခဲ့ရပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

၎င်း၏နေအိမ်ကို ပထမအကြိမ် ဗုံးဖြင့်တိုက်ခိုက်ခြင်းသည် ရန်ကုန်မြို့ ၊ ကြည့်မြင် တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ဆန္ဒပြလူငယ်များအား စစ်ကောင်စီက ကားဖြင့် တိုက်ဖမ်းခဲ့သည်ကို လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(မန္တလေး)က သတင်း ထုတ်ပြန်ခဲ့သည်။

ယခု ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းသည် မည်သည့်အတွက်ကြောင့် မည်သည့်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်နှင့် ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရှိရသေးပေ။

ဒုရဲချုပ်အောင်နိုင်သူသည် ယခင် NLD အစိုးရလက်ထက်က နိုင်ငံကျော် ဗစ်တိုးရီးယား အမှုတွင် ကျူးလွန်သူဘက်မှနေ၍ ကာကွယ်ပြောဆိုခဲ့သူ ဖြစ်ပြီး မန္တလေး အခြေစိုက် မြို့ပြပြောက်ကျားများ ဖမ်းဆီးခံရမှု၏ အဓိက လက်သည်ဖြစ်သည်ဟု တော်လှန်ရေး အင်အားစုများ ကသတ်မှတ်ထားသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...
July 8, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ် တောင်ဘက်ခြမ်းဒေသများဖြစ်သည့် ဖလူးနှင့် မင်းလက်ပံကျေးရွာတို့၌...