တနင်္သာရီတိုင်း ပလမြို့ ထွေအုပ်ရုံး မိုင်းခွဲမီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်း ပလမြို့ ထွေအုပ်ရုံး မိုင်းခွဲမီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ပုလောမြို့နယ်ရှိ ပလမြို့ ထွေအုပ်ရုံးကို ယမန်နေ့ နိုဝင်ဘာလ ၂ရက်နေ့ နံနက် ၃ နာရီအချိန်တွင် KNDO ဦးစီးသော ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲမီးရှို့ခဲ့ကြောင်း PDF ရဲဘော်များထံက သိရသည်။

စစ်ကောင်စီလက်အောက်ခံ ပလမြို့ ထွေအုပ်ရုံးကို မိုင်းခွဲမီးရှို့စဉ် မီးလောင်မှုကို လာရောက် ငြှိမ်းသတ်ခြင်း မပြုလုပ်နိုင်ရန် PDF တပ်ဖွဲ့က ပလမြို့မှ မီးသတ်ရုံးကို သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

PDF ရဲဘော် တစ်ဦးက“ကျွန်တော်တို့ ပူးပေါင်း တပ်ဖွဲ့က မိုင်းသုံးလုံးနဲ့ သွားရောက်ဖောက်ခွဲပြီး မီးရှို့ခဲ့တာဖြစ်တယ်။ နှစ်ဖက် ထိခိုက်မှုတော့ မရှိခဲ့ဘူး”ဟု ပြောသည်။

ပူးပေါင်းတပ်ဖွဲ့ သွားရောက်ပစ်ခတ်စဉ် ရုံး အတွင်းရှိ လုံခြုံရေး ယူထားသည့် စစ်ကောင်စီ တပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး အဖွဲ့များက ပြန်လည် ပစ်ခတ်ခြင်း မရှိဘဲ ပုန်းအောင်းနေကြကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...