ထီးလင်းမှာရွာမီးရှို့ပြီးထွက်လာတဲ့စစ်ကြောင်းတိုက်ခိုက်ခံရ စစ်ကြောင်းမှူးသေဆုံး

ထီးလင်းမှာရွာမီးရှို့ပြီးထွက်လာတဲ့စစ်ကြောင်းတိုက်ခိုက်ခံရ စစ်ကြောင်းမှူးသေဆုံး

မကွေးတိုင်း ထီးလင်းမြို့နယ်က ကျေးရွာတွေကို မီးရှို့ပြီး ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကြောင်းမှူးအပါအ ဝင်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁) ရက်နေ့က ကျားခဲကျေးရွာကို မီးရှို့ပြီး ထွက်လာတဲ့ အင်အား(၁၀၀) ဝန်းကျင်ပါတဲ့ စစ်ကြောင်းကို ယောကာကွယ်ရေးတပ် -YDF(ထီးလင်း)က တိုက်ခိုက်ခဲ့တဲ့အတွက် ငါးဦးသေဆုံးပြီး လေးဦးမှာ ဆေးကုသခံနေရတာပါ။

ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ဟာ ပါးမျဉ်းရွာနားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး နေရာမှာ တင်လေးဦးသေဆုံးခဲ့ပြီး စစ်ကြောင်းမှူးက ခါးထိသွားလို့ ဆေးရုံရောက်တဲ့အချိန်မှာ သေဆုံး သွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲမှာ အထိနာခဲ့တဲ့ အဲ့ဒီစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားပြီးနောက် ပါးမျဉ်းကျေးရွာအတွင်း ကိုသေနတ်တွေပစ်ဖောက်ဝင်ရောက်လာပြီး ညနေပိုင်းမှာတော့ ထီးလင်းမြို့ပေါ်ကို ပြန်သွား တယ်လို့ သိရပါတယ်။

ဂန့်ဂေါခရိုင်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေဟာ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း နေ့စဉ်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၄၀) ထက်မနည်း သေဆုံးထားပါတယ်။

ကျားခဲကျေးရွာဟာ စစ်ကောင်စီရဲ့ နိုဝင်ဘာလ(၁)ရက်နေ့ မနက်အစောပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ ရတဲ့အတွက် ပြည်သူပိုင်နေအိမ် (၁၄) လုံးမီးလောင်ခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဆိုင်ကယ်တစ် စီးလည်း မီးလောင်တဲ့အထဲပါသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းတွေကြောင့် ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင်အတွင်း မှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတစ်သိန်းဝန်းကျင်အထိရှိနေတယ်လို့ စစ်ရှောင်အရေးကူညီသူ တွေဆီက သိရပါတယ်။

July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...