ပြည်တွင်းဒုက္ခသည် သူပုန်ဟု စွပ်စွဲခံရမည်ကို ကြောက်၍ မှတ်ပုံတင် မပြုလုပ်ရဲ

ပြည်တွင်းဒုက္ခသည် သူပုန်ဟု စွပ်စွဲခံရမည်ကို ကြောက်၍ မှတ်ပုံတင် မပြုလုပ်ရဲ
by -
ကန္တာရဝတီတိုင်း(မ်)
ရွှေ့ပြောင်းဒုက္ခသည်များ စုရှိနေသည့် မော်ချီးဒေသဘက်တွင် မှတ်ပုံတင်များ ပြုလုပ်ပေးနေစဉ် (ဓါတ်ပုံ-ကေတီ)
ရွှေ့ပြောင်းဒုက္ခသည်များ စုရှိနေသည့် မော်ချီးဒေသဘက်တွင် မှတ်ပုံတင်များ ပြုလုပ်ပေးနေစဉ် (ဓါတ်ပုံ-ကေတီ)
ကယား(ကရင်နီ)ပြည်နယ် ဖားဆောင်းမြို့နယ် မောချီးဒေသဘက်မှ မှတ်ပုံတင်မရှိသည့် ပြည်တွင်းရွေ့ပြောင်းဒုက္ခသည် များဖြစ်ကြသော ဒေသခံများကို အစိုးရက တော်လှန်ရေးနှင့် ဆက်နွယ်နေသည်ဟု စွပ်စွဲခံရမည်ကို ကြောက်၍ မှတ်ပုံတင် မပြုလုပ်ရဲကြကြောင်း သိရသည်။

ထို့ကြောင့် ဇွန်လအတွင်းတွင် မိုးပွင့်စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားရေးမှတ်ပုံတင် ဦးစီးဌာန၊ မော်ချီးဒေသဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်နှင့် NRC တို့ ပူးပေါင်းပြီး ကွင်းဆင်း ဆောင်ရွက်ခဲ့ရာတွင် ကြောက်ရွံ့စိတ်ကြောင့် မှတ်ပုံတင်မပြုလုပ်သေးသည့် ဒေသခံများ ရှိနေသည်ဟု မော်ချီးဒေသ လိုလောထီးကျေးရွာမှ စောခဲရီထူးက ပြောသည်။

“အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်မရှိသည့်သူများတွေက အပြင်ကတော်လှန်ရေးနဲ့ ဆက်စပ်နေတာလား ဆိုတဲ့သဘောနဲ့ သူမလုပ်ချင်ကြတာ” ဟု စောခဲရီထူးက ပြောသည်။

ယခုကဲ့သို့ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များမရှိသည့်အတွက် ကျေးရွာများတွင် မဲစာရင်း တိတိကျကျ ဖော်ပြထားခြင်း မရှိကြောင်း မော်ချီးဒေသဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက်အဖွဲ့ဝင် နေဘယ်ထူးက ပြောသည်။

၎င်းက “အခုမှလုပ်တဲ့ မှတ်ပုံတင်တွေကတော့ သူတို့က မဲစာရင်းကပ်မယ်ဆိုရင် ဒါချက်ချင်း မဖြစ်နိုင်သေးတဲ့ အရာတခုပါ” ဟု ပြောသည်။

၎င်းဒေသဘက်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ယခင်က အမဲနယ်မြေအဖြစ် သတ်မှတ်ထားသည့် နယ်မြေဖြစ်သည့် အတွက် ဒေသခံအများစုသည် ပြည်တွင်းစစ်ကြောင့် နယ်စပ်ဒုက္ခသည်စခန်း တချို့၊ ပြည်တွင်း ရွာပုန်းရွာရှောင်များအဖြစ်နဲ့ သွားလာနေထိုင်ခဲ့ကြရသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...