ကညွှတ်ကွင်း ရဲစခန်းအနီး မိုင်းခွဲတိုက်ခိုက် ၊ စစ်ကောင်စီ လက်အောက်ခံ ရဲ၃ဦး ထိခိုက် ဒဏ်ရာရ

ကညွှတ်ကွင်း ရဲစခန်းအနီး မိုင်းခွဲတိုက်ခိုက် ၊ စစ်ကောင်စီ လက်အောက်ခံ ရဲ၃ဦး ထိခိုက် ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ကညွှတ်ကွင်းမြို့ ရဲစခန်းအနီး၌ ယနေ့ အောက်တိုဘာ ၃၁ရက် နံနက်ပိုင်းတွင် ဖြူးမြို့နယ် နဂါးပတ်မြို့ပြပျောက်ကြားအဖွဲ့က မိုင်းခွဲတိုက်ခိုက် ခဲ့ကြောင်းသိရသည်။

ယနေ့ နံနက် ၁၀နာရီ ၃၀မိနစ်ခန့်က ကညွတ်ကွင်း ရဲစခန်း အရှေ့ဘက် ရန်ကုန်- မန္တလေး လမ်းမ အကျော် ကွမ်းယာဆိုင်ရှေ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ရဲစခန်းရှေ့ လမ်းတဖက်ခြမ်းက ကွမ်းယာဆိုင်နားမှာ ဆိုင်ကယ်နဲ့ သူတို့အလာကို စောင့်လုပ်တာပါ။ စစ်ဆင်ရေးတွေ ဆောင်ရွက်တဲ့အခါ ပြည်သူတွေဘေးကင်းအောင် ဆောင်ရွက်ဖို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနကရော ပဲခူးတိုင်းစစ်ဒေသခွဲ ကပါ ညွှန်ကြားထားပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ နဲ့ပတ်သက်တာတွေရဲ့ ဝေးရာမှာနေဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပဲခူးတိုင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မိုင်းခွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲဓနု၏ ဝမ်းဗိုက် တွင်ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်သားကောင်းထက်ကျော် နှင့် ဝေယံတို့မှာ ခြေထောက်တွင် ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပြုလုပ်ခဲ့ကြောင်း ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပြီး ပဲခူးတိုင်းရှိ စစ်ကောင်စီလက်အောက် အဖွဲ့အစည်းများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...
July 8, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ် တောင်ဘက်ခြမ်းဒေသများဖြစ်သည့် ဖလူးနှင့် မင်းလက်ပံကျေးရွာတို့၌...