ရေးမြို့နယ်က စာသင်ကျောင်းတွေမှာ ကျောင်းတက်သူ မရှိသလောက် နည်းပါးနေ

ရေးမြို့နယ်က စာသင်ကျောင်းတွေမှာ ကျောင်းတက်သူ မရှိသလောက် နည်းပါးနေ

နယ်မြေမတည်ငြိမ်တာကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက စာသင်ကျောင်းတွေမှာ ကျောင်းတက်သူ မရှိသလောက် နည်းပါးနေသလို တချို့စာသင်ကျောင်းကလည်း ယာယီကျောင်းပိတ်ထားကြတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့ ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေသလို မကြာခဏဆိုသလို စစ်ကောင်စီဌာနဆိုင်ရာရုံးတွေ တိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရေးမြို့နယ်ရှိ စာသင်ကျောင်းတွေက Non CDM ဆရာ၊ဆရာမတွေနဲ့ ကျောင်းအုပ်တွေကို တော်လှန်ရေး အင်အားစုတွေက CDM ပြုလုပ်ကြဖို့ နောက်ဆုံးအကြိမ် သတိ ပေးထားတာ ဖြစ်ပါတယ်။

အဲဒီသတိပေးခံရပြီးနောက် Non CDM ဆရာ၊ဆရာမတချို့ ကျောင်းမတက်ကြသလို ကျောင်းမိဘတွေကလည်း ကျောင်းသူ၊ကျောင်းသားတွေကို ကျောင်းမလွှတ်တော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

အခုလို အခြေအနေတွေကြောင့် ကျေးရွာတွေဘက်က စာသင်ကျောင်းတွေမှာ ကျောင်းတက်သူ မရှိသလောက် နည်းပါးပြီး မြို့ပေါ် ရပ်ကွက်က စာသင်ကျောင်းတွေမှာတော့ ကျောင်းတက်သူ အနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။

ရေးမြို့နယ်ထဲက စာသင်ကျောင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ မွန်ပြည်နယ် ပညာရေးမှူးကို သံလွင်တိုင်မ်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ရေးမြို့နယ်ထဲမှာတော့ စာသင်းကျောင်းပေါင်း ၂၇၈ ကျောင်း ထက်မနည်း ရှိနေတာ ဖြစ်ပြီး ကျောင်းသူ၊ကျောင်းသား ၃၀၀၀၀ ကျော် တက်ရောက် သင်ကြားနေတာပါ။

ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...