အပစ်ရပ် ၈ ဖွဲ့ ငြိမ်းချမ်းရေး ရှေ့တိုးအကောင်အထည်ဖော်ရာတွင် မဟာဗျူဟာတစ်ခု ချမှတ်ရန် ဆွေးနွေး

အပစ်ရပ် ၈ ဖွဲ့ ငြိမ်းချမ်းရေး ရှေ့တိုးအကောင်အထည်ဖော်ရာတွင် မဟာဗျူဟာတစ်ခု ချမှတ်ရန် ဆွေးနွေး
by -
မဇ္ဈိမ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့က ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရာတွင် မဟာဗျူဟာ တစ်ခုတည်း ချမှတ်နိုင်ရန်အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၄ ရက်နေ့တွင် ကျင်းပခဲ့သည်။

တပ်မတော်၊ အစိုးရ၊ နိုင်ငံရေးပါတီတို့နှင့် အပစ်ရပ်အဖွဲ့ ၈ ဖွဲ့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) စသည့်ကော်တီ ၃ ရပ်တို့ ပူးတွဲလုပ်ဆောင်ခဲ့များကို မဟာဗျူဟာ ပေါ်လစီတစ်ခုတည်း ထားရှိရန်အတွက် ကျင်းပခြင်း ဖြစ်သည်ဟု PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့ရဲ့ မဟာဗျူဟာ သုံးသပ်ရေးစွဲတဲ့ခေါငး်စဉ်ပေါ့လေ။ ဒါကတော့ ကျွန်တော်တို့ လက်မှတ်ထိုး ၈ ဖွဲ့က ခေါင်းစဉ် ၃ ခုနဲ့ ပါဝင်လုပ်ဆောင်နေတာကိုး။ အထူးသဖြင့်တော့ တပ်မတော်၊အစိုးရနဲ့ နိုင်ငံရေးပါတိီတွေနဲ့ ကျွန်တော်တို့ Joint လုပ်နေတဲ့ လုပ်ငန်း ၃ ခုရှိတော့ UPDJC ၊ JMCနဲ့ ၈ ဖွဲ့ ခေါင်းဆောင် တွေ စုထားတဲ့ PPST ကော်မတီတွေက သူ့ဟာသူ ရှိနေတော့ ဒီကော်မတီ ၃ ခုရဲ့ အလုပ်တွေကို စုံရပ်တစ်ခု ရှာပြီးတော့ ထိန်းညှိဖို့ လိုလာပြီဆိုပြီးတော့ အချိန်ရှိတုန်း လုပ်ထားတာ ဖြစ်တယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

သူက ဆက်လက်၍ “ပေါ်လစီတစ်ခုချပေးဖို့ပေါ့။ ဒီသုံးဖွဲ့က ကိုယ့်ရဲ့ မူလ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ရေး ဆိုတဲ့ဟာကို ဦးတည်ပြီးတော့ ဒီကော်မတီတွေက ဒီလမ်းကြောင်းပေါ်မှာ အသေးစိတ်လုပ်တဲ့အချိန်မှာ မျက်ခြေမပြတ်ဖို့ပေါ့။ တခါတလေ တချို့ကော်မတီတွေက လုပ်ရင်းနဲ့ မူလဟာ ပျောက်ပြီးတော့ တခြားအဖွဲ့အစည်းတွေ ဦးဆောင်တဲ့နောက်ကို လိုက်ပါရတာတွေ ရှိတယ်လေ။ အဲဒါမျိုးတွေကို နိုင်ငံရေးအရ ထိန်းကြောင်းတဲ့ သဘောပါ”သူက ပြောသည်။

NCA လက်မှတ် ထိုးထားသည့် အဖွဲ့ ၈ ဖွဲ့မှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ANP)နှင့် ရှမး်ပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)တို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်း မရှိခြင်းတို့ အပါအဝင် ကော်မတီများ၏ လုပ်ငန်းများ ရှေ့တိုး အကောင် အထည်ဖော်သည့် လုပ်ငန်းများတွင် နောက်နှေးမှုများ ရှိသဖြင့် ပိုမို လုပ်ဆောင်နိုင်ရန် ပြန်လည် မွန်းမံရန် ရည်ရွယ်၍ အစည်းအဝေး ခေါ်ယူကျင်းပခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအဝင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးနှင့် လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် တတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံတွင် ပါဝင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန်အတွက် နည်းလမ်းများရှာသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

၄င်းအစည်းအဝေးကို UPDJC ၊ JMCနှင့် PPST တစ််ဖွဲချင်းအလိုက် ဆွေးနွေးခြင်းနှင့် သုံးဖွဲ့လုံး စုပေါင်း ဆွေးနွေးခြင်း ဖြစ်သည်ဟု သိရသည်။ ထိုအစည်းအဝေးတွင် အပစ်ရပ် အဖွဲ့ ၈ ဖွဲ့မှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ အပါအဝင် ရ၀ ကျော် တက်ရောက်ခဲ့ပြီး စက်တင်ဘာလ ၄ ရက်မှ ရ ရက်နေ့ထိ ကျင်းပမည် ဖြစ်သည်။

အစည်းအဝေး ကျင်းပနိုင်ရေးအတွက် NRPC မှ ခွင့်ပြုကြောင်းကို ရန်ကုန်မြို့ရှိ ထိုင်းသံရုံးသို့ ပေးပို့ပြီးနောက် ခွင့်ပြုချက်ရရှိခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...