မြန်မာစစ်တပ် လက်ထဲရောက်နေသည့် ကျောက်တော်ဒေသခံနှစ်ဦးနှင့် တစ်လခန့်ကြာသည့်တိုင် မိသားစု အဆက်အသွယ်ပြတ်နေ

မြန်မာစစ်တပ် လက်ထဲရောက်နေသည့် ကျောက်တော်ဒေသခံနှစ်ဦးနှင့် တစ်လခန့်ကြာသည့်တိုင် မိသားစု အဆက်အသွယ်ပြတ်နေ
မြန်မာစစ်တပ် လက်ထဲရောက်နေသည်ဟု မိသားစုဝင်များကပြောဆိုသည့် ဦးလှမောင်သန်း။ ဓာတ်ပုံ-ပေးပို့
မြန်မာစစ်တပ် လက်ထဲရောက်နေသည်ဟု မိသားစုဝင်များကပြောဆိုသည့် ဦးလှမောင်သန်း။ ဓာတ်ပုံ-ပေးပို့

မြန်မာစစ်တပ်က အကြောင်းအမျိုးမျိုးပြပြီး ခေါ်ဆောင်သွားသည်ဆိုသည့် ကျောက်တော်မြို့နယ်မှ ဒေသခံနှစ်ဦးနှင့် ရက်ပေါင်း ၂၆ ရက်ကြာသည့်တိုင် အဆက်အသွယ်မရသေးသောကြောင့် မိသားစုဝင်များမှာ  စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ တပ်ရင်းမှူးသည် ကာဒီ(ခ)သဇင်ရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း(၄၃)နှစ်ကို ဆွေးနွေးစရာရှိ၍ တပ်ရင်းသို့ လာရောက်ရန် ဖုန်းဆက်ခေါ်ဆိုခဲ့သည်။ ထို့နောက် ၄င်းသည် အပေါက်ဝရွာရှိ ၄င်း၏မိတ်ဆွေဖြစ်သူ ကိုမောင်ချေ(၃၉)နှစ်ကို ‌ခေါ်ယူကာ တပ်ရင်းသို့သွားရာမှ ယနေ့အထိ အဆက်အသွယ်မရရှိသေးဟု မိသားစုဝင်များကဆိုသည်။

“ကျွန်မယောကျ်ားကို ဘယ်နေရာမှာထားလဲ။ ဘာဖြစ်လို့ ဖမ်းဆီးထားတာလဲ သိချင်ပါတယ်။ သူတို့နှစ်ယောက်ကို ပြန်လွှတ်ပေးစေချင်ပါတယ်။ ပြီးရင် သူက နေမကောင်းအရမ်းဖြစ်တတ်ပြီး ကျန်းမာရေး ချူချာပါတယ်။ ဘယ်သူမှ မသိလိုက်ပဲ သူတို့ အသေသတ်ထားမှာကိုလည်း စိုးရိမ်ပါတယ်။ ဖမ်းထားရင် အမြန် ပြန်လွှတ်ပေးစေချင်ပါပြီ”ဟု ဦးလှမောင်သန်း၏ ဇနီးဖြစ်သူ ဒေါ်လှအေးဆန်းကပြောသည်။

ဖမ်းဆီးခံရပြီးနောက် အဆိုပါတပ်ရင်းသို့ ဘုန်းကြီးများနှင့် မိသားစုဝင်များ သွားရောက်စုံစမ်းရာတွင် ၄င်းတို့နှစ်ဦး မရှိကြောင်း တပ်ဘက်က တုန့်ပြန်လိုက်သည်ဟု ဇနီးဖြစ်သူက ဆက်ပြောသည်။

ကိုမောင်ချေ၏ ဇနီးကလည်း “သေသွားပြီလား။ ဘယ်ကိုရောက်နေလဲ အရမ်းသိချင်တယ်။ သူတို့နဲ့ပတ်သက်တဲ့ သတင်းတွေ အမြန်ဆုံးကြားချင်တယ်။ ရုံးတင်မယ်ဆိုရင်လည်း တင်ကြပါ။ အမှုဖွင့်မယ်ဆိုရင်လည်း ဖွင့်ကြပါ။ ကျွန်မလည်း ရင်ဘတ်ဟာတာတာနဲ့ နေ့တိုင်း သူ့ကိုမျှော်နေတာ။ အိမ်က ၂ နှစ်အရွယ် သူ့သားလေးဆိုရင် သူ့အဖေကို နေ့တိုင်းရှာနေတာပါ။ မိသားစု ဘယ်လိုဖြစ်နေလဲဆိုတာကို တွေးကြည့်ပါတော့”ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...