မဲဆောက်တွင် ၅ ရက်အတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော် ဖမ်းဆီးခံရ

မဲဆောက်တွင် ၅ ရက်အတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော် ဖမ်းဆီးခံရ

မြန်မာ-ထိုင်း နယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် ထိုင်း အာဏာပိုင်များက မူးယစ်ဆေးဝါး ကာကွယ်နှိမ်နင်းရေးအတွက် ဖမ်းဆီး စစ်ဆေးရေးပြုလုပ်ခဲ့ရာ ရွှေ့ပြောင်းလုပ်သား ၂၀၀ ဝန်းကျင်ခန့် ဖမ်းဆီးခံခဲ့ရကြောင်း JACBA အဖွဲ့ထံမှ သိရသည်။

အဆိုပါ ရွှေ့ပြောင်းမြန်မာ လုပ်သား ၂၀၀ ဝန်းကျင်ခန့်သည် အောက်တိုဘာလ ၂၀ ရက်နေမှ ၂၄ ရက်နေ့ထိ ဘန်ကောက် ရဲတပ်ဖွဲ့နှင့် မဲဆောက် အခြေစိုက် ရဲတပ်ဖွဲ့ဝင်များက မြန်မာ လုပ်သားများ အများစု နေထိုင်သည့် ရပ်ကွက်များ၊ လမ်းဆုံ လမ်းခွနှင့် အလုပ်သမား တန်းလျှားတို့တွင် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (Joint Action Commmittee for Burmese Affairs--JACBA)၏ ဦးမိုးကြိုးထံမှ သိရသည်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (Joint Action Commmittee for Burmese Affairs--JACBA)၏ ဦးမိုးကြိုးက "အများစုက အထောက်အထားမဲ့ နေထိုင်သူတွေကို ဖမ်းဆီးတာ ဖြစ်တယ်၊ အခု သတင်းတွေမှာ တက်နေသလိုမျိုး ရွှေ့ပြောင်းလုပ်သား ၁,၀၀၀ ကျော် ဖမ်းဆီးခံရတာ မဟုတ်ပါဘူး၊ ၂၀၀ ကျော်ပဲ ရှိတာ ဖြစ်တယ်”ဟု ပြောသည်။

အခုလို ဖမ်းဆီးမှုများကြောင့် ရွှေ့ပြောင်း လုပ်သားများအနေဖြင့် အနေ အထိုင် သွားလာဆင်ခြင်ဖို့ လိုအပ်ပြီး ဖမ်းဆီးခံရပါက သူဌေး အာမခံဖြင့် လူတစ်ဦးလျှင် ဘတ် ၃,၀၀၀ မှ ၅,၀၀၀ အထိ ဒဏ်ငွေ ပေးဆောင်ရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...