မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်မှာ ခွင့်ပြုချက် မရှိဘဲ သွားလာတာတွေ မလုပ်ဖို့ KTLA သတိပေး

မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်မှာ ခွင့်ပြုချက် မရှိဘဲ သွားလာတာတွေ မလုပ်ဖို့ KTLA သတိပေး

ကော့ကရိတ်မြို့တွင်း တိုက်ပွဲတွေကြောင့် မြဝတီ-ကော့ကရိတ်အာရှလမ်းမပေါ်မှာ ခရီးသွားလာနေကြတဲ့ ပြည်သူတွေအနေနဲ့ အထူးသတိပြုသွားလာကြဖို့ ကော်သူးလေစစ်ဦးစီးချုပ် စောနယ်ဒါးမြက အောက်တိုဘာ ၂၆ ရက်နေ့မှာ လက်မှတ်ရေးထိုးပြီး သတိပေးကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

ကရင်ပြည်(ကော်သူးလေ)နယ်နိမိတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကော်သူးလေတပ်မတော်သားတို့အကြား စစ်ရေးတင်းမာမှုတွေဖြစ်ပေါ်နေပြီး တိုက်ပွဲအရှိန်အဟုန်မြင့်တက်လာမှာဖြစ်တဲ့အတွက် အာရှလမ်း အသုံးပြုသွားလာခြင်းကို တိုက်ပွဲဖြစ်ပေါ်နေစဉ်ကာလအတွင်း သတိထား သွားလာအသုံးပြုဖို့ အသိပေးတယ်လို့ ကြေငြာချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် အာရှလမ်းပိုင်းမှာ ကော်သူးလေတပ်မတော်(KTLA)ရဲ့ ခွင့်ပြုချက်မရှိဘဲ သွားလာခြင်းမပြုဖို့ ပြည်သူလူထုတွေကို ကော်သူးလေတပ်မတော်က မေတ္တာရပ်ခံတဲ့အကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းမှာ ဒီကနေ့မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုတွေဆက်လက်ရှိနေပြီး မနေ့ကတော့ သွားလာနေတဲ့ ယာဉ်နှစ်စီး မီးရှို့ခံနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အာရှလမ်းမအနီး တောနော်ရေတံခွန်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အာရှလမ်းပိုင်းကို ရက်အတန်အကြာ ပိတ်ထားခဲ့ရပြီးနောက် ပြန်လည်ဖွင့်လှစ်လာခဲ့ပေမယ့် အခုတိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် ခရီးသွားတွေအနေနဲ့ အခြေအနေကိုကြည့်ပြီး သတိထားသွားလာနေရတာဖြစ်ပါတယ်။

July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...