စစ်ရေး ပူးပေါင်းလုပ်ဆောင်ရန် NUG နှင့် BPLA သဘောတူ

စစ်ရေး ပူးပေါင်းလုပ်ဆောင်ရန် NUG နှင့် BPLA သဘောတူ
ဓါတ်ပုံ - BPLA
ဓါတ်ပုံ - BPLA

အမျိုးသား ညီညွတ်ရေး အစိုးရ NUG နှင့် ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်မတော် BPLA တို့ စစ်ရေးလုပ်ငန်းများ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူခဲ့ကြသည်ဟု NUG က ထုတ်ပြန်လိုက်သည်။

အောက်တိုဘာလ ၂၆ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိ သူများနှင့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) မှ တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အခုလို သဘောတူခဲ့ကြသည်ဟု NUG က အောက်တိုဘာလ ၂၇ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်ထဲတွင် NUG က “ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့် ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော် (BPLA) တို့ကြား သက်ဆိုင်ရာဒေသများတွင် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် နိုင်ငံရေးအရ အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုတို့ဖြင့် အတူတကွ လက်တွဲ ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြပါသည်” ဟု ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံရေးအရ အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုတို့ဖြင့် အတူတကွ လက်တွဲဆောင်ရွက်သွား ကြမည်ဟု NUG က ဆိုသည်။

အောက်တိုဘာလ ၂၆ ရက်နေ့က တွေ့ဆုံမှုတွင် လက်ရှိတော်လှန်ရေးကာလအတွင်း ဆောင်ရွက်နေသည့် ကိစ္စ ရပ်များ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ အခန်းကဏ္ဍနှင့် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာ စဥ်းစားချက်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်ဟု NUG က ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ အတွင်းဝန် ဦးနိုင်ထူးအောင်တို့နှင့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) မှ တာဝန်ရှိသူ များဖြစ်သည့် ကွပ်ကဲရေးမှူး မောင်ဆောင်းခ၊ စခန်းမှူး ရိုးအံ့မင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု NUG က ထုတ် ပြန်သည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...