ကျောက်ဖြူမြို့နယ်မြေစာရင်းရုံးမှ ဦးစီးမှူးအပါအဝင် ဝန်ထမ်းလေးဦး အဖမ်းခံရသည့်အနက် နှစ်ဦး ပြန်လွတ်လာ

ကျောက်ဖြူမြို့နယ်မြေစာရင်းရုံးမှ ဦးစီးမှူးအပါအဝင် ဝန်ထမ်းလေးဦး အဖမ်းခံရသည့်အနက် နှစ်ဦး ပြန်လွတ်လာ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူးအပါအဝင် ဝန်ထမ်းလေးဦးတို့ကို အောက်တိုဘာလ ၂၅ နှင့် ၂၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ယင်းတို့အနက် နှစ်ဦးမှာ ပြန်လွတ်လာကြောင်း သိရသည်။

ဦးစီးမှူး ဦးထွန်းထွန်းဝင်း (၅၂ နှစ်)ကို အောက်တိုဘာလ ၂၅ ရက်နေ့က ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖမ်းဆီးသွားခဲ့ပြီး မြေတိုင်းစာရေး ဦးခင်မောင် (၃၈ နှစ်)နှင့် ရုံးဝန်ထမ်းများဖြစ်သည့် ဦးညီညီတင်(၄၅ နှစ်)၊ ဦးထွန်းထွန်းနိုင်(၄၅ နှစ်)တို့ကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

ထို့နောက် ဦးညီညီတင်(၄၅ နှစ်)နှင့် ဦးထွန်းထွန်းနိုင်(၄၅ နှစ်)တို့ကို ပြန်လွှတ်ပေးလိုက်သည်။ သို့သော် ကျန်သူနှစ်ဦးအား မည်သည့်အတွက်ကြောင့် ဆက်လက်ဖမ်းဆီးထားသည်ကို မသိရှိရသေးပေ။

“သူတို့ နှစ်ယောက်ကိုတော့ ညနေ ၄ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်တယ်။ ကျန်ခဲ့တာက ဝန်ထမ်း ထွန်းထွန်းနိုင်နဲ့ မြေစာရင်းဦးစီး ကျန်ခဲ့တယ်။ အခုအချိန်ထိတော့ ပြန်မလွတ်လာသေးဘူး”ဟု ၄င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာပြီးနောက် မြန်မာစစ်တပ်သည် ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တခြား အစိုးရဝန်ထမ်းများကိုလည်း သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ရှိနေသည်။ သို့သော်လည်း မြန်မာစစ်တပ်သည် ထိုကိစ္စများနှင့်ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်ခြင်းနှင့် မီဒီယာများကို ဖြေဆိုခြင်းများ မရှိပေ။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...