ဖားကန့်တွင် ပြင်းထန်ဒဏ်ရာရရှိသူများ သွေးလွန်သေဆုံးမှုဆက်ရှိနေ၊ ဆေးကုသခွင့် ညှိနှိုင်းပြေလည်မှုမရှိ

ဖားကန့်တွင် ပြင်းထန်ဒဏ်ရာရရှိသူများ သွေးလွန်သေဆုံးမှုဆက်ရှိနေ၊ ဆေးကုသခွင့် ညှိနှိုင်းပြေလည်မှုမရှိ

စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် KIA တပ်မဟာ (၉) နယ်မြေဘက်မှ ဒဏ်ရာရရှိသူများ အချိန်မှီကုသခွင့်မရရှိသေးသည့်အတွက် သေဆုံးမှုထပ်တိုးနေဆဲဖြစ်ပြီး ပြည်သူ ၁၀၀ ကျော်ခန့်ကို ကံဆီးဂိတ်တွင် အောက်တိုဘာလ ၂၅ ရက်နေ့အထိ ပိတ်ဆို့ခံထားရဆဲဖြစ်သည်ဟု သိရသည်။

ဒဏ်ရာရရှိသူများကို ကယ်ထုတ်နိုင်ရန်အတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ KBC တို့ စစ်ကောင်စီတပ်ဖွဲ့နှင့် ညှိနှိုင်းမှုခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ကြောင်း ဖားကန့် ဒေသခံ ကချင်ပြည်သူတစ်ဦးကပြောသည်။

အောက်တိုဘာလ ၂၃ရက်နေ့ ဗုံးကျဲတိုက်ခိုက်ခံရသည့် ညတွင် သေဆုံးသူ ၅၈ ဦးအထိရှိခဲ့ပြီး အောက်တိုဘာလ ၂၅ ရက် ယနေ့နံနက်ပိုင်းအထိ ဒဏ်ရာရရှိသူများ ဆက်တိုးသေဆုံးမှု ၈၀ ကျော်လာပြီဟု ဆေးကုသခွင့်ရရှိအောင် ဆောင်ရွက်နေသည့် KIA နှင့်နီးစပ်သူ ပြည်သူတစ်ဦးက KNG ကို ယနေံနက်ပိုင်းမှ အတည်ပြုပြောဆိုသည်။

“အခုက ထပ်ပြီးသေဆုံးတဲ့သူတွေရှိတယ် တစ်ချို့က ခြေပြတ် လက်ပြတ် နဲ့ဆိုတော့ ဆေးအချိန်မှီမကုသနိုင်တော့ သွေးလွန်ပြီးသေဆုံးကြတာ။ ဆေးရုံတင်ကုသခွင့် ရဖို့တော့ ထပ်ပြီး ဆွေးနွေးဖို့မရှိတော့ဘူးလို့လည်းသိရတယ်။ မနေ့ကအထိ ကချင်ရိုးရာလူကြီးတွေနဲ့ KBC က တာဝန်ရှိသူတွေ PCG တွေတက်ပြီး ညှိကြတာ အဆင်မပြေကြဘူးလေ။ အဲ့ကြောင့် ထပ်ဆွေးနွေးဖို့တော့ဘူးတဲ့”ဟုပြောဆိုသည်။

လက်ရှိအခြေနေမှာ စစ်ကောင်စီဘက်မှ ဆေးကုသခွင့်မရအောင် ပိတ်ဆို့ထားသည့်အပြင် KIA တပ်မဟာ (၉) နယ်မြေအတွင်းသို့ ကျန်းမာရေးသွားရောက်ကူညီလိုသူများကိုလည်း ပိတ်ဆို့ခံထားရသည်ဟုလည်းသိရသည်။

စစ်ကောင်စီဘက်မှ ဆေးကုသ သယ်ယူခွင့်မရအောင် ပိတ်ဆို့ထားသည်မှာ ၎င်းတို့၏ လုပ်ရပ်ပေါ် အလွန်စိုးရိမ်နေသည့်အတွက်  ယခုလိုလုပ်ဆောင်နေခြင်းဖြစ်သည် ဟု ဖားကန့် ဒေသခံ ကချင်ပြည်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

“အခုက ဒီမှာ ဘယ်လိုမှ ညှိလို့ အဆင်ပြေမှာမဟုတ်ဘူး စစ်တပ်ကလည်း ခွင့်ပြုမှာမဟုတ်ဘူး။ အထဲမှာ ထိခိုက်ဒဏ်ရာ ရရှိထားတဲ့သူတွေကအရမ်းများနေတာ့ သူတို့ အရှက်ကွဲမှာ ကြောက်နေကြတာ အဲ့ကြောင့် အဝင်အထွက်အားလုံးပိတ်ထားတာဟုတ်တယ်။ သူတို့လုပ်ရပ်က အကုန်သိသွားမှာကြောက်နေလို့ပဲ မြင်တယ်”ဟုပြောဆိုသည်။

စစ်ကောင်စီအဖွဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ရုပ်အလောင်းများကို ယနေ့တွင် ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထက်ရှိ ဘော်ဆာဒီးဘက်တွင် သဂြိုလ်ရန် စီစဉ်နေသည်ဟု လည်းသူကဆက်ဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ၈ နာရီဝန်းကျင်တွင် အောက်တိုဘာလ ၂၅ ရက် ယနေ့ကျရောက်သည့် ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ်အတွက် အနန့်ပါ (A Nang Pa) ကွင်းပြင်နေရာတွင် တေးဂီတများဖြင့် ကြိုဆိုပွဲပြုလုပ်နေစဉ် စစ်ကောင်စီဘက်မှ ဂျက်လေယာဉ် ၃ စီးဖြင့် ပွဲနေရာအတွင်းသို့ ဗုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...