သံတွဲတွင် ရခိုင်တေးရေးဆရာတစ်ဦးကို မြန်မာစစ်တပ် ဖမ်းဆီး

သံတွဲတွင် ရခိုင်တေးရေးဆရာတစ်ဦးကို မြန်မာစစ်တပ် ဖမ်းဆီး
မြန်မာစစ်တပ်က ဖမ်းဆီးထားသော တေးရေးဆရာ ဦးစန်းကို။ ဓာတ်ပုံ-ပေးပို့
မြန်မာစစ်တပ်က ဖမ်းဆီးထားသော တေးရေးဆရာ ဦးစန်းကို။ ဓာတ်ပုံ-ပေးပို့

ရခိုင်ပြည်၊ သံတွဲမြို့မှ တေးရေးဆရာလည်းဖြစ်သူ ရခိုင်အားမာန်ကားဂိတ်ပိုင်ရှင် ဦးစန်းကိုအား မြန်မာစစ်တပ်က အောက်တိုဘာလ ၂၃ ရက်၊ မွန်းလွဲ ၁၂ နာရီတွင် ဖမ်းဆီးသွားကြောင်း သိရသည်။

ဦးစန်းကိုအား ငပလီအခြေစိုက် ခလရ(၅၅)တပ်ရင်းမှ စစ်သား ၂၀ ခန့်က ၎င်းနေထိုင်သည့် ဆပ်လည်မျှော်ကျေးရွာရှိ နေအိမ်မှ လာရောက်ဖမ်းဆီသွားခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက DMG သို့ပြောသည်။

“စစ်ဆေးစရာရှိလို့ဆိုပြီး ခေါ်သွားတာဖြစ်တယ်။ အခုလည်း ငပလီ(၅၅)တပ်ထဲမှာ ထားတယ်လို့ သိထားရတယ်”ဟု ၄င်းကပြောသည်။

ဦးစန်းကိုမှာ ရခိုင်အားမာန် ကားဂိတ်လုပ်ငန်းအပြင် ဝါသနာအရ ရခိုင်တေးသီချင်းများကို ရေးစပ်သူ တစ်ဦးလည်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဦးစန်းကိုမှာ ကျန်းမာရေးမကောင်းသည့်အတွက် အလုပ်များကိုရပ်နားကာ ဆေးကုသမှုခံယူနေရပြီး ယခုဖမ်းဆီးခံထားရသည့်အချိန်တွင် ကျန်းမာရေး ပိုမိုထိခိုက်မည်ကို စိုးရိမ်မိကြောင်း မိသားစုဝင်များက ဆက်လက်ပြောဆိုသည်။

“သူက ဒီကားဂိတ်လုပ်ငန်းအပြင် သီချင်းရေးတာတွေ လုပ်ပါတယ်။ ရခိုင်တေးသီးချင်းရေးတာပေါ့၊ ကိုဝင်းကိုခိုင်ဆိုထားတဲ့ သီးချင်းတွေ တော်တော်များများမှာ သူရေးထားတာပါတယ်။ အခုလည်း နေမကောင်းလို့ ဆေးကုနေတာ တစ်နှစ်လောက်ရှိနေပြီ။ ကားဂိတ်လုပ်ငန်းတွေတောင် မလုပ်နိုင်ဘူး။ အခုလို နေမကောင်းချိန်မှာ ဖမ်းဆီးခံရတော့ ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်မိတယ်”ဟု မိသားစုဝင်ကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ(၇)ရက်နေ့ကလည်း  ပြည့်ဖြိုးသန္တာဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်ဝင်းကို မြန်မာစစ်တပ်မှ ဖမ်းဆီးသွားခဲ့ပြီး ယခုအချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ် မရသေးကြောင်း သိရသည်။

အဆိုပါဒေသခံများအား ဖမ်းဆီးမှုအပေါ် အသေးစိတ်သိရှိနိုင်ရန်အတွက် စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG မှ ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိခဲ့ပါ။

July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...