စစ်တွေတွင် ပျောက်ဆုံးနေသည့် ကလေးငယ် ၃ ဦးအထဲမှ တစ်ဦး၏ အလောင်းကိုတွေ့ ရှိ

စစ်တွေတွင် ပျောက်ဆုံးနေသည့် ကလေးငယ် ၃ ဦးအထဲမှ တစ်ဦး၏ အလောင်းကိုတွေ့ ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ပျောက်ဆုံးနေသည့် လေးတန်းကျောင်းသား ၃ ဦးအထဲမှ ကျောင်းသားတစ်ဦး၏အလောင်းကို ယနေ့နံနက် ၁၀ နာရီကျော်ခန့်က စစ်တွေမြို့နယ် ကျေးတောရွာမ ချောင်းနားတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ချောင်းပေါ်တွင် မျှော၍ပေါ်လာသည့် ကျောင်းသားမှာ ဘုမေရွာ စစ်တွေတက္ကသိုလ်လေးထပ်ဆောင်နေ မောင်ဇွဲဘုန်းခန့်ဖြစ်ပြီး ၎င်းပျောက်သွားစဉ်က အင်္ကျီအစိမ်းရောင်နှင့် ဘောင်းဘီခဲရောင် ဝတ်ဆင်ထားကြောင်း လိုက်လံရှာဖွေနေသူတစ်ဦးက အတည်ပြုပြောဆိုသည်။

၎င်းကလေး၏အလောင်းအား ကျေးတောရွာမချောင်းထဲမှ ဆယ်ယူ၍ စစ်တွေဆေးရုံကြီးသို့သယ်ဆောင်လာပုံကို အလောင်းအားသွားရောက်ယူဆောင်နေသည့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းက ၎င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် လိုက်ဖ်လွင့်ပြသခဲ့သည်။

လက်ရှိတွင် အခြားပျောက်ဆုံးနေသည့် ကျောင်းသားနှစ်ဦးအလောင်းကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး မတွေ့ရှိရသေးကြောင်းသိရသည်။

ပျောက်ဆုံးနေကြသည့် အသက်ဆယ်နှစ်အရွယ် စတုတ္တတန်းကျောင်းသား ၃ ဦးမှာ ပြည်တော်သာရပ်ကွက်နေ မောင်ဟိန်းထက်ဝင်းနိုင်၊ မောင်အောင်လင်းသူ နှင့် ဘုမေ စစ်တွေတက္ကသိုလ် လေးထပ်ဆောင်နေ မောင်ဇွဲဘုန်းခန့် တို့ဖြစ်ကြသည်။

၎င်းလေးတန်းကျောင်းသား ၃ ဦးသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်၊ နံနက် ၁၁ နာရီခန့်ကပင် ၎င်းတို့နေအိမ်မှ ပြင်ပသို့ ကစားရန်ထွက်ခွာကြပြီးနောက်ပိုင်းတွင် ပျောက်ဆုံးနေကြခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင် ၎င်းတို့ထဲမှတစ်ဦး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းတို့ပျောက်ဆုံးနေသည်ကို ယနေ့ညနေ လေးနာရီတွင် ကျူရှင်လာရောက်မတက်မှသာ မိသားစုများသတိထားမိခဲ့ခြင်းဖြစ်ပြီး ယနေ့ညနေပိုင်းတွင် မြို့အနှံလိုက်ရှာခဲ့ကာ ၎င်းကလေးသုံးဦး စီးသွားသည့် စက်ဘီးနှစ်စီးအနက် တစ်စီးကို စစ်တွေပွိုင့်အပန်းခြေစခန်းရှိ ဓာတ်တိုင်တွင် စက်ဘီးသော့နှင့်တွဲချိတ်၍ တွေ့ရှိခဲ့ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...