မုန်တိုင်းအရှိန်ကြောင့် ရေတက်လာပြီးနေအိမ်များပါပျက်စီးမှုရှိလာ၍ ပေါက်တော ဆင်တက်မော်ကျေးရွာသားများကို ဘေးလွှတ်ရာသို့ ပြောင်းရွှေ့

မုန်တိုင်းအရှိန်ကြောင့် ရေတက်လာပြီးနေအိမ်များပါပျက်စီးမှုရှိလာ၍ ပေါက်တော ဆင်တက်မော်ကျေးရွာသားများကို ဘေးလွှတ်ရာသို့ ပြောင်းရွှေ့
ယနေ့နံက်က ဆင်တက်မော်ကျေးရွာအတွင်း ရေတက်လာသည်ကို တွေ့ရစဉ်/ မူရင်းပိုင်ရှင်ကို credit ပေးပါသည်။
ယနေ့နံက်က ဆင်တက်မော်ကျေးရွာအတွင်း ရေတက်လာသည်ကို တွေ့ရစဉ်/ မူရင်းပိုင်ရှင်ကို credit ပေးပါသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာတွင် မုန်တိုင်းအရှိန်ကြောင့် လေနှင့် အတူ ရေပါတက်လာပြီး ကမ်းခြေအနီးရှိ လူနေအိမ်နှင့် ဆိုင်ခန်းအချို့ပျက်စီးသွားခဲ့ပြီး ကျေးရွာသားများကိုလည်း ဘေးလွှတ်ရာမြေမြင့်သို့ပြောင်းရွှေ့ထားရသည်ဟု သတင်းရရှိသည်။

ဆင်တက်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှထွန်းစိန်က "အခုက အားလုံးရေမြှုပ်နေတယ်။ ဒါကြောင့် ကမ်းခြေကနေ ဘုန်းကြီးကျောင်းနဲ့ ကုန်းမြင့်တဲ့နေရာကို ရှောင်နေကြရတယ်။ ကမ်းခြေကအိမ်တွေရဲ့ ခေါင်မိုးတွေက လေအရှိန်နဲ့ ပျက်စီးသွားပြီး ရေကြီးနေတယ်။ အခု သွားကြည့်နေတာ။ ဘယ်နှစ်အိမ်ပျက်စီးသွားမှန်းမသိရသေးဘူး" ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

မုန်တိုင်းအရှိန်ဖြင့် မိုးသက်လေပြင်းတိုက်ပြီး လိူင်းကြီး၍ လေထန်ကာ ယနေ့အောက်တိုဘာလ ၂၄ရက် မနက်ပိုင်းက ရေများပါတက်လာ၍ ကမ်းခြေနေ လူနေအိမ်နှင့်ဆိုင်ခန်းများ ပျက်စီးပျက်စီးမှုများ ရှိနေသည်ဟု ဆိုသည်။

ယင်းရွာတွင် ဒီရေတိုက်စား၍ ကမ်းပါးများပြိုကျသည့်အတွက် ကာကွယ် ဆောက်လုပ်ထားသည့် ကမ်းထိန်းနံရံကျောက်တန်းများမှာလည်း ပျက်စီးသွားကာ ရေထဲနစ်မြှုပ်နေပြီး စိုးရိမ်ရသည့်အခြေ

အနေရှိသည်ဟု သိရသည်။

"အခုက ဒီရေတက်ချိန်ဖြစ်လို့ ကမ်းနားကိုသွားမရဘူးဖြစ်နေတယ်။ အားလုံးက ရေထဲမြှုပ်နေတယ်။ မုန်းတိုင်းဖြတ်သွားရင် ပိုစိုးရိမ်မှုတွေရှိနေတယ်။ မနေ့ကလေတိုက်တာ သိပ်မများဘူး။ အခု အရမ်းလေပြင်းနေတယ်" ဟု ရွာသားတစ်ဦးကပြောသည်။

ယင်းအပြင် မုန်တိုင်းအရှိန်ကြောင့် ဒီရေတက်ပြီး၊ လိူင်းကြီး၍ လေထန်ကာ စိုးရိမ်ရသည့် အခြေအနေများရှိနေ၍ စက်လှေများကို ချောင်းထဲသို့ သွင်းထားရပြီး အနီးအနားရှိ ကျေးရွာ(၁၄)ရွာ၊ တစ်အုပ်စုလုံးအား အန္တရာယ်မဖြစ်ရအောင် သတိပေးထားမူများရှိသည်ဟုလည်း သိရသည်။

"ညအချိန်လောက်ဆို စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်။ ရွာတွေက ပင်လယ်ထဲမှာရှိတာဆိုတော့ လေကလည်းပြင်း လိူင်းကလည်းထန်လာရင် ပိုအခက်အခဲဖြစ်မယ်။ စက်လှေတွေကို ကမ်းခြေကနေ ချောင်းထဲသွင်းထားဖို့ ၁၄ရွာတစ်အုပ်စုံလုံးကို သိပေးထားတယ်။ ပြီးတော့ စက်လှေတွေက မြှုပ်သွားတာလည်းရှိတယ်။ လိူင်းထန်ပြီး လေပြင်းနေတော့ ဆယ်ဖို့မရလိုက်ဘူး။ ကုန်းမြင့်ရာမှာနေကြဖို့ကိုလည်းပြောထားတယ်။ အကုန်လုံး သတိထားပြီး နေကြရတယ်" ဟု ဆင်တက်မော်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှထွန်းစိန်က ပြောသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်သည် (Deep Depression)အဖြစ်သို့ ရောက်ရှိနေပြီး မုန်တိုင်းအန္တရာယ်ကြောင့် ရခိုင်ကမ်းရိုးတမ်း တစ်လျှောက်ရှိ ငါးဖမ်းစက်လှေများနှင့် ပြည်တွင်း ရေကြောင်း ခရီးစဉ်များကို လာမည့် အောက်တိုဘာ ၂၅ရက်နေ့ အထိ ယာယီရပ်နားထားကြရသည်။

ယနေ့နံက်က ဆင်တက်မော်ကျေးရွာအတွင်း ရေတက်လာသည်ကို တွေ့ရစဉ်/ မူရင်းပိုင်ရှင်ကို credit ပေးပါသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...