ဘူးသီးတောင်မြို့မဈေးကြီးမှ ဒေသခံ ၂၀ ခန့်ကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွား

ဘူးသီးတောင်မြို့မဈေးကြီးမှ ဒေသခံ ၂၀ ခန့်ကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွား

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ မြို့မဈေးကြီးမှ ဒေသခံ ၂၀ ခန့်ကို ယမန်နေ့အောက်တိုဘာလ ၂၃ ရက်၊ မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီတပ်သားများမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ဘူးသီးတောင်မြို့မှ ဦးကျော်လှမြင့်၊ ဦးတင်ဝင်း၊ ဦးကျော်စိုးနိုင်၊ ဦးမောင်အေးထွန်း၊ ဦးဇော်ဝင်း၊ ဦးနိုင်ဦး၊ ဦးနေကျောက်ခဲ၊ ဦးနော်ပီအာလောင်၊ ဦးမော်နီရာမောက်၊ ဦးတော်ယုဒ်၊ ဦးအူဘိုင်ဒုလ္လာ၊ ဦးမောင်ဝင်းချေ၊ ဘူးသီးတောင်မြို့နယ် ရွက်ညိုးတောင်ရွာမှ မတာဘော်၊ ကုန်တိုင်ရွာမှ ဦးအဒူရော်ကိန်း၊ ဦးဒီလ်မာမောက်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ကွမ်းရောင်းရန်ရောက်နေသည့် စက်လှေပိုင်ရှင် ဦးသက်ထူး၊ ရသေ့တောင်မြို့နယ်မှ စက်လှေပိုင်ရှင် ဦးအောင်ကျော်ဌေးနှင့် အခြား ၃ ဦးတို့ ပါဝင်ကြောင်း သိရသည်။

မျက်မြင်တစ်ဦးက “လက်ဖက်ရည်ဆိုင်မှာ ရှိတဲ့သူတွေနဲ့ ဆိပ်ကမ်းမှာ ကူလီထမ်းတဲ့ မူဆလင်ရော၊ ရခိုင်ရော။ လက်ဖက်ရည်ဆိုင်သိမ်းလို့ လာခေါ်တဲ့ အဲဒီဆိုင်က သားရော၊ ဈေးကောက်ကအစ၊ ဆိပ်ကမ်းစောင့်ရဲသား တစ်ယောက်ရော ဖမ်းတဲ့အထဲပါသွားတယ်၊ ဘုတ်မောင်းတဲ့သူတွေရော၊ အချိုရည် ကုမ္ပဏီဝန်ထမ်းတစ်ယောက်ရော အကုန်လုံး ဖမ်းတဲအထဲ ပါသွားတယ်” ဟုပြောသည်။

၎င်းတို့အားလုံးကို စစ်ကောင်စီတပ်သား အင်အား ၂၀ ကျော်ခန့်မှ စစ်ကားများဖြင့် ဘူးသီးတောင်မြို့မ ဈေးအတွင်းသို့ ဝင်ရောက်လာကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မျက်မြင် ဒေသခံများကပြောသည်။

ဖမ်းဆီးခံရသူများအထဲတွင် ကုန်ထမ်းကုန်ချ လုပ်သူများ၊ ဈေးဆိုင်ရောင်းသူများ၊ အလုပ်သမားများနှင့် စက်လှေပိုင်ရှင်များ ပါဝင်ပြီး မည်သည့်အကြောင်းရင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို မသိရကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

အဖမ်းခံရသူများအထဲမှ ဦးနေကျောက်ခဲ၊ ဦးနိုင်ဦးတို့နှင် နီးစပ်သူ တစ်ဦးကလည်း ၎င်းတို့သည် သာမန် ကုန်ထမ်းကုန်ချ ပြုလုပ်ကြသူများသာ ဖြစ်သည်ဟုဆိုသည်။

" သူတို့က ငါးဘူးတွေထမ်းကြတဲ့သူတွေပါ။ လူတွေကို အပြစ်မရှိဘဲနဲ့ သက်သက်မဲ့ ဖမ်းသွားတာပါ" ဟုပြောသည်။

လက်ရှိတွင် ၎င်းတို့အား ဘူးသီးတောင်မြို့အခြေစိုက် အမှတ် (၁) စစ်ဗျူဟာသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။

လက်ရှd ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ သည် ဘူးသီးတောင်မြို့နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေကြီး စစ်ရေးအခြေအနေလည်း ပိုတင်းမာနေကြောင်း သိရသည်။

April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...