မြန်မာစစ်တပ်က ကျောက်ဖြူဒေသခံ (၃)ဦးကို ဖမ်းဆီး

မြန်မာစစ်တပ်က ကျောက်ဖြူဒေသခံ (၃)ဦးကို ဖမ်းဆီး

မြန်မာစစ်တပ်သည် ယခုရက်ပိုင်းအတွင်း ကျောက်ဖြူမြို့ပေါ်မှ ဒေသခံသုံးဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့က အစိုးရတိုးချဲ့ရပ်ကွက်မှ အသက် ၃၁ နှစ်အရွယ် ကိုစံထွန်းနှင့် အောက်တိုဘာလ ၁၉ ရက်နေ့တွင် အစိုးရရပ်ကွက်မှ အသက် ၃၈ နှစ်အရွယ် ကိုကျော်မင်းထွန်းနှင့် အစိုးရတိုးချဲ့ ရပ်ကွက်မှ အသက် ၄၁ အရွယ် ဦးအောင်လင်းတို့ကို ဖမ်းဆီးခဲ့သည်။

“သူ(ဝက်ရှော့)အလုပ်လုပ်ပြီး အပြန်လမ်းမှာ ဖမ်းခံတာဖြစ်တယ်။ သူ့ကို ဖမ်းတာက ညနေ(၆)နာရီလောက်မှာ ဖမ်းတာဖြစ်တယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာကိုတော့ မသိရဘူး။ ကျောက်ဖြူအခြေစိုက် ခလရ(၃၄)တပ်က ဖမ်းတာဖြစ်တယ်လို့ သိရတယ်”ဟု ကိုစံထွန်း ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး နီးစပ်သူတစ်ဦးကဆိုသည်။

ထို့ပြင် ကိုကျော်မင်းထွန်းနှင့် ဦးအောင်လင်းတို့ကိုလည်း အောက်တိုဘာလ(၁၉)ရက်နေ့၊ ည(၁၀)နာရီက စစ်တပ်အင်အား (၆၀)ခန့်ဖြင့် ဝင်ရောက်ကာ ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း ဦးအောင်လင်းနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

“သူ့ကိုဖမ်းတဲ့အခါ ည(၁၀)နာရီလောက်မှာ စစ်တပ်အင်အား ၆၀လောက်နဲ့ ဝိုင်းဖမ်းတာဖြစ်တယ်။ ကားသုံးစီအပြည့်ပဲ။ ဒီဖက်မှာက အဲလို စစ်တပ်က ဧည့်စာရင်းဝင်စစ်သလိုလို ဘာလိုလိုနဲ့ဖမ်းတာ တော်တော်များများ ရှိနေတယ်”ဟု သူကဆိုသည်။

အဆိုပါ ဒေသခံများအား ဖမ်းဆီးခြင်းကိစ္စကို အသေးစိတ်သိရှိနိုင်ရန်အတွက် စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်အား DMG မှ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိပါ။

မြန်မာစစ်တပ်အနေဖြင့် ကျောက်ဖြူမြို့နယ်အတွင်း စက်တင်ဘာလမှ ယခုအောက်တိုဘာအထိ ဒေသခံပြည်သူများကို ဖမ်းဆီးမှုမှာ (၂၃)ဦးအထိရှိခဲ့ပြီး ယင်းဖမ်းဆီးခံရသူများထဲမှ အချို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ- (၅၀၅)နှင့် အမှုဖွင့်သလို မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်ခံထားရသူများလည်း ရှိသည်။

July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...