မြန်မာသတင်းသမားများအား တရားစွဲဆိုထားမှုများအား တပ်မတော်ဘက်မှ ရုတ်သိမ်း

မြန်မာသတင်းသမားများအား တရားစွဲဆိုထားမှုများအား တပ်မတော်ဘက်မှ ရုတ်သိမ်း
by -
မဇ္ဈိမ
မြန်မာသတင်းသမားများအား တရားစွဲဆိုထားမှုများအား တပ်မတော်ဘက်မှ ရုတ်သိမ်းလိုက်ပြီး နိုင်​ငံ​တော်​နှင်​့ပြည်သူ့အကျိုးကို သယ်​ပိုးနိုင်​မှု​ကြောင်​့ စွဲဆိုထားသည်​့အမှုများ ရုပ်​သိမ်​း​ပေးလိုက်ခြင်းဖြစ်သည်ဟု သတင်းမီဒီယာကောင်စီမှ ယနေ့ ထုတ်ပြန်သည်။
 
တပ်​မ​တော်​က မီဒီယာများအ​ပေါ် စွဲဆိုထားသည့် အမှု​အားလုံးကို ရုပ်​သိမ်​း​ပေးလိုက်​​ကြောင်​း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တရားဝင်စာဖြင့် ယနေ့စက်​တင်​ဘာလ(၁)ရက်​​နေ့တွင်​ အကြောင်းကြားခဲ့သည်​။
 
“ရည်ရွယ်၊ ရပ်တည်မှု၊ တူညီစွာဖြင့် နိုင်ငံနှင့် ပြည်သူ့အကျိုးကိုအတူတကွ သယ်ပိုးထမ်းဆောင်မှုအား အသိအမှတ်ပြုပြီး၊ နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားကို အတူလက်တွဲ လုပ်ဆောင်နိုင်ရန် အလို့ငှာ တပ်မတော်အနေ ယခင်ကဖြစ်ပျက်ခဲ့မှုများအားသင်ပုန်းချေ၍”ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ သတင်​းမီဒီယာ​ကောင်​စီသို့ အ​ကြောင်​းကြားခဲ့ခြင်​းဖြစ်​သည်​။
 
ကျည်ထောင်စုသစ္စာ သ​ရော်​စာ​ဖော်​ပြခဲ့သဖြင်​့ The Voice မှ အယ်​တီတာချုပ်​ ဦး​ကျော်​မင်​း​ဆွေနှင်​့ ဗြိတိသျှကိုကို​မောင်​ကို တရားစွဲဆိုထား​သောအမှု၊ မတရားအသင်းဥပဒေဖြင့် DVBသတင်​းဌာနမှ (၁)ဦး၊ Irrawady သတင်းထောက် (၂)ဦးအား တရားစွဲဆိုထားသည်​့အမှု၊ Elevenသတင်​းဌာနမှ သတင်​း​ထောက်​ချုပ်ဦးဝေဖြိုးကို ​တရားစွဲဆိုထားသည်​့အမှု အပါဝင်​ တပ်​မ​တော်မှ မီဒီယာများအ​ပေါ် တရားစွဲဆိုထားသည်​့အမှု  ၅ မှုအား ရုတ်သိမ်​း​လိုက်​သည်​။
 
တပ်မတော်ကတရားစွဲဆိုထားသည့် သတင်းသမားနှင့်လူပုဂ္ဂိုလ် (၈)ဦးဖြစ်​သည့် Eleven အယ်​တီတာချုပ် ဦးဝေဖြိုး(ရာဇသတ်​ကြီးပုဒ်​မ-၅၀၂)၊ The Voice အယ်​တီတာချုပ်​ ဦးကျော်မင်းဆွေ (သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ)/ဆက်သွယ်ရေးဥပဒေ ပုဒ်မ -၆၆ (ဃ))၊က​လောင်​ရှင်​ဗြိတိသျှကိုကိုမောင်(သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ)/ဆက်သွယ်ရေးဥပဒေ ပုဒ်မ -၆၆ (ဃ))၊ DVBမှ အကြီးတန်​းသတင်​း​ထောက်​ဦးအေးနိုင် နှင်​့ ဦးပြည့်ဘုန်​း​အောင်​(မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁))၊ဧရာဝတီသတင်​းဌာနမှ အကြီးတန်းသတင်းထောက် ဦးသိန်းဇော်​ (မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)) ဦးထင်ကျော်(ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ (ခ))၊ ​တောင်​ငူ ဗကသအဖွဲ့ ဒုဥက္ကဌ ဝေယံသိန်​းနှင့်အဖွဲ့  (ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅ (ခ))တို့ကို ​ကျေ​အေးပြီး အမှုရုပ်​သိမ်​းလိုက်​ခြင်​းဖြစ်​သည်​။
 
သတင်းမီဒီယာများအပေါ်စွဲဆို ထားသော အမှုများအားလုံးကို တပ်မတော်က  ကျေအေးပေးလိုက်​ကြောင်​း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်လှထွန်းက အတည်​ပြုပြောကြားသည်။
 
မီဒီယာသမားများအပြင် အခြားလူပုဂ္ဂိုလ်များပါ ကျေအေးပေးခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ဖက်မှ လည်း ယနေ့ တရားဝင်ထုတ်ပြန်ထားသည်။
 
 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  ယနေ့ စက်တင်ဘာလ ၁ ရက်တွင် တပ်မတော်နှင့် တပ်မတော်သားများအား ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မှုကြောင့်   မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ခဲ့သည့် ဦးထင်ကျော်(ခ) ကျော်ထင်နှင့် တောင်ငူ မြို့နယ်တရားရုံး၌ ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(ခ)ဖြင့် အမှုဖွင့် လှစ်ခဲ့သည့် တောင်ငူ ဗကသဒုတိယဥက္ကဋ္ဌ ဝေယံသိန်း(ခ)ဗစ်တာ ဦးဆောင်သော ကျောင်းသားမျိုးဆက် ကေတုအိုးဝေတော်လှန်သံချပ်အဖွဲ့တို့ကို တရားစွဲဆိုထားသည့်အမှုများကိုလည်း ရုပ်သိမ်းပေးခဲ့ကြောင်း  ထုတ်ပြန်ထားသည်။
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...