အဓမ္မပြုကျင့်သူ AA မှ တပ်သားအဆင့်ရှိသူ ရဲဘော်နှစ်ဦးအား ထောင်ဒဏ်အနှစ် ၂၀ နှင့် ကြိမ်ဒဏ်ကြီးအချက် ၃၀ ချမှတ်

အဓမ္မပြုကျင့်သူ AA မှ တပ်သားအဆင့်ရှိသူ ရဲဘော်နှစ်ဦးအား ထောင်ဒဏ်အနှစ် ၂၀ နှင့် ကြိမ်ဒဏ်ကြီးအချက် ၃၀ ချမှတ်

အိမ်ထောင်သည် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်သူ ရက္ခိုင့်တပ်တော် (AA)မှ တပ်သားအဆင့်ရှိသူ ရဲဘော်နှစ်ဦးအား ထောင်ဒဏ်အနှစ် ၂၀ နှင့် ကြိမ်ဒဏ်ကြီးအချက် ၃၀ ချမှတ်လိုက်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က အောက်တိုဘာ ၂၀ ရက် ယနေ့ သတင်းထုတ်ပြန်သည်။

၎င်းထုတ်ပြန်ချက် အပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။။

အောက်တိုဘာလ (၁) ရက်နေ့၊ မွန်းလွဲ (၁) နာရီ မိနစ် (၃၀) ခန့်တွင် ရက္ခိုင့်တပ်တော်မှ တပ်သား အဆင့်ရှိ ရဲဘော် (၂) ယောက်သည် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင် ကျေးရွာအုပ်စုနေ အသက် (၃၀) အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးအား ၎င်း၏ နေအိမ်၌ လက်နက်အားကိုးဖြင့် အဓမ္မပြုကျင့်ခဲ့သည်ဟု ကျူးလွန်ခံရသူမှ တိုင်တန်း လာသောကြောင့် ရက္ခိုင့်တပ်တော်အနေဖြင့် ယင်းအမှုအား စစ်ခုံရုံးဖွဲ့၍ စနစ်တကျ စုံစမ်းစစ်ဆေးခဲ့ပါသည်။

ရက္ခိုင့်တပ်တော်၊ စစ်ခုံရုံးအဖွဲ့မှ ကျူးလွန်သူတရားခံနှစ်ဦး၊ ကျူးလွန်ခံရသူမိသားစု၊ အခင်းဖြစ်ပွားရာအနီး ပတ်ဝန်းကျင်မှ သက်သေ အချို့အား ဆယ်ရက်ခန့် သေချာစွာစစ်ဆေးပြီးနောက် ပြစ်မှုကျူးလွန်သူ (၂) ဦးစလုံးမှာ ပြစ်မှုမြောက်ကြောင်း ထင်ရှားသည့်အပြင် တပ်ဖက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အထူးတားမြစ်ချက်ကိုပါ ချိုးဖောက်ထားကြောင်း တွေ့ရှိရပါ သည်။

အဆိုပါတပ်သား (၂) ယောက်မှလည်း ၎င်းနေ့ရက်၌ ၎င်းတို့သည် ခွင့်ပြုချက်မရဘဲ အရက်သေစာသောက်စားမူးယစ်ပြီးနောက် အမှန်တကယ် အဓမ္မပြုကျင့်ခဲ့ကြောင်း နှစ်ယောက်စလုံးမှ ကိုယ်တိုင်ဝန်ခံ ထွက်ဆိုထားကြသည်။

ထို့ကြောင့် အဆိုပါပြစ်မှုကျူးလွန်ခဲ့သူ တပ်သား (၂) ယောက်အား တပ်တော်၏ စစ်ဥပဒေနှင့်အညီ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့တွင် ၎င်းပြစ်မှုနှင့်ထိုက်တန်သည့် ပြစ်ဒဏ်ကို နစ်နာခဲ့ရသည့် မိသားစုဝင်များ၊ ကျေးရွာခေါင်းဆောင်အချို့ နှင့် ဘာသာရေးခေါင်းဆောင်အချို့တို့၏ ရှေ့မှောက်၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် (၂၀) အပြင်၊ ကြိမ်ဒဏ်ကြီး အချက် (၃၀) ကိုပါ ချမှတ်၍ "ကြိမ်ဒဏ်"ကို စီရင်ပြီးဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ရက္ခိုင်ပြည်သူ့အစိုးရသည် အာရက္ခဒေသအတွင်း "တရားမျှတ၊ ပြည်အာရက္ခ" ဆောင်ပုဒ်နှင့်အညီ အာရက္ခပြည်သူလူထုများ၏ တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ထို့အတူ ပြစ်မှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသား ရင်သား၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ စီရင်ဆောင်ရွက်လျက်ရှိပါကြောင်း အများပြည်သူသိရှိစေရန် ထုတ်ပြန်အပ်ပါသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...