ရက္ခိုင့် တပ်တော် AA က ပစ္စည်းလု လူသတ်တယ်ဆိုတဲ့ သတင်းမှား ဖြန့်

ရက္ခိုင့် တပ်တော် AA က ပစ္စည်းလု လူသတ်တယ်ဆိုတဲ့ သတင်းမှား ဖြန့်

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာက အမျိုးသမီးတစ်ဦးကို ရက္ခိုင့်တပ်တော် ULA/AA က သတ်ပြီး ရွှေ၊ငွေ တွေ ယူဆောင်သွားတယ်ဆိုတဲ့ သတင်းပို့စ်တစ်ခုကို Kachin Land ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က အောက်တို ဘာလ ၁၆ ရက်နေ့မှာ တင်ထားပါတယ်။

Kachin Land ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က “AA အဖွဲ့က ပြည်သူတစ်ဦးကို သတ်ဖြတ်၍ ရွှေငွေများ အား အဓမ္မယူဆောင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသား ထားပြီး အဲဒီအထဲမှာဆိုရင် “အောက်တိုဘာလ (၁၅) ရက်နေ့ တွင် ဒေါ်မအေးလှ (သေဆုံးသူ)မှ ၎င်းတောင်ယာ သွားရောက်ပြီး တစ်နာရီ လောက်အကြာမှာ ULA အဖွဲ့များ ရောက်ရှိလာကာ ဓားဖြင့် ၁၂ ချက်ထိုးကာ လည်ပင်း ဖြတ်၍ သတ်ဖြတ်ခဲ့ပြီး ရွှေနှင့် ငွေများကို ယူဆောင်သွား ခဲ့ကာ အလောင်းကို သင်္ဘောခြုံတွင် စွန့်ပစ်ခဲ့ကြောင်း ဒေါ်မအေးလှ၏ ဝိဉာဏ်မှ ရွာသား တစ်ဦးထံဝင်ပူးကာ ပြောဆိုသဖြင့် လိုက်လံရှာဖွေရာမှ အလောင်းအား ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်တယ်လို့ ၎င်းနှင့်နီးစပ်သူ ရွှေမျိုး များထံမှသိရှိရပါတယ်” ဆိုပြီး (မူရင်းအရေးအသား) ရေးသားထားပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းပြားမြို့နယ်၊ ဖားပြို ကျေးရွာက ဒေါ်မအေးလှ အသတ်ခံရပြီး ရွှေ၊ ငွေတွေ ပျောက်ဆုံးသွားတာ မှန်ပေမယ့် သတ်သွားသူတွေဟာ ဘယ်သူ ဘယ်ဝါမှန်း မသိရသေးပဲ ULA/AA က သတ်သွားတယ်ဆိုပြီး Kachin Land ဆိုတဲ့ Facebook အ ကောင့်ပိုင်ရှင်က ဝါဒဖြန့်ဖို့အတွက် စွပ်စွဲရေးသားထားလို့ပဲ ဖြစ်ပါတယ်။

ဒေါ်မအေးလှရဲ့ သားဖြစ်သူက ရခိုင်အခြေစိုက် Narinjara သတင်းဌာနကို ပြောဆိုထားတဲ့ အထဲမှာဆိုရင် သူ့အ မေကို သတ်သွားသူဟာ ULA/AA လို့ ပြောဆိုထားတာကို မတွေ့ရပဲ အကြောင်းသိတဲ့ ရွာခံတွေထဲကပဲ သူ့အမေ ကို သတ်သွားတာ ဖြစ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

"သူ့ခါးမှာ ခါးပတ်နဲ့ရွှေတွေကို ထည့်ထားတယ်။ သွားတဲ့နေရာတိုင်းကို ယူသွားတယ်။ သူကသားသမီး တွေကို လည်း မယုံဘူး။ နောက်ပြီးတစ်ခုရှိတာက ကျနော်တို့မှာ ကျွဲရောင်းမယ်ဆိုပြီး သတင်းတွေဘာတွေ ထွက်လို့ရှိ တယ်။ ဒါကြောင့် ကျွဲရောင်းထားတဲ့ပိုက်ဆံတွေပါ ပါမယ်ထင်လို့ လုပ်တာလို့ထင်တယ်။ ရွှေ ၅ ကျပ်နဲ့လောက် တော့ လူတစ်ယောက်အသက်ကို ဒီလိုမျိုး သတ်နိုင်လိမ့်မယ်လို့ မထင်ဘူး” ဆိုပြီး ဒေါ်မအေးလှရဲ့ သားဖြစ်သူက ရခိုင်ပြည်နယ် အခြေစိုက် Narinjara သတင်းဌာနကို ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ် အခြေစိုက် Narinjara သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3MJ1Q5d ဝင်ကြည့် လို့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်ကြည့်လိုက်တဲ့အခါမှာ Kachin Land ဆိုတဲ့ Facebook အကောင့် ပိုင်ရှင်က ရက္ခိုင့်တပ်တော် ULA/AA ကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ မယုံကြည်အောင်၊ ကြောက် အောင်၊ ဝါဒဖြန့်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ စွပ်စွဲရေးသားထားတဲ့ သတင်းအမှား သာ ဖြစ်ပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင် တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုး တမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေကြပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာလည်း ရှိပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

Most read this week

February 23, 2026
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပိတ်ဆို့နေမှုကြောင့် မြစ်ကြီးနားတွင် ကြက်သားတစ်ပိဿာ ၄...
February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...