မွန်ဝန်ကြီးချုပ်လမ်းကြောင်းကို ကျော်ဖြတ်၍ အရေးယူသည်ဆိုသည်မှာ မဟုတ်မှန်

မွန်ဝန်ကြီးချုပ်လမ်းကြောင်းကို ကျော်ဖြတ်၍ အရေးယူသည်ဆိုသည်မှာ မဟုတ်မှန်
by -
မဇ္ဈိမ
မွန်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းကြောင်းယာဉ်တန်းကို ကျော်ဖြတ်မောင်းနှင်၍  လူ ၁ ဦးအား အရေးယူခဲ့သည်ဟု ပြောဆိုခြင်းအပေါ် မဟုတ်မှန်ကြောင်း ဘီးလင်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမြင့်က ပြောသည်။

Ko Myo Gyi ဆိုသူ အကောင့်မှ  သြဂုတ်လ ၂၉ ရက်ရက်စွဲဖြင့် ဝန်ကြီးချုပ်ယာဉ်တန်းအား ကျော်ဖြတ်မှုအတွက် အရေးယူခံခဲ့ရကြောင်း လူမှုကွန်ယက်တွင် ရေးသားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အပေါ် မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ယာဉ်တန်းကြားထဲမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုမရှိဘဲ အရှိန်ပြင်းစွာ မောင်းနှင်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ရဲမှူး စိုးမြင့်က ပြောသည်။

“ဒီလိုဖမ်းဆီးအရေးယူတာက ဝန်ကြီးချုပ်ညွှန်ကြားလို့ မဟုတ်ပါဘူး။ ဝန်ကြီးချုပ်လမ်းကြောင်းနဲ့ လူကြီးလမ်းကြောင်းတွေမှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အဓိကကျတယ်လေ၊ အခုဟာက လူကြီးလမ်းကြောင်းမှ မဟုတ်ပါဘူး။ ကျန်တဲ့အချိန်တွေမှာလည်း စည်းကမ်းပျက်ယာဉ်တွေ ဖမ်းဆီးအရေးယူတာတွေရှိပါတယ်”ဟု ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမြင့်က ပြောဆိုသည်။

ဆိုင်ကယ်မောင်းနှင်သူကို ဖမ်းဆီးစစ်ဆေးခဲ့ရာ မော်တော်ယာဉ်သက်တမ်းလွန်ဆိုင်ကယ်ကို စီးနင်းခဲ့သည့်အတွက် မော်တော်ယာဉ်ဥပဒေပုဒ်မ ၄၅ (ခ)နှင့် ယာဉ်သတ်မှတ်နှုန်းထက် ပိုမောင်းနှင်ခြင်း မော်တော်ယာဉ် ဥပဒေပုဒ်မ- ၄၉ အရ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း ရဲမှူး စိုးမြင့်က ပြောသည်။

အဆိုပါယာဉ်မောင်းနှင်သူကို ဘီးလင်းမြို့မရဲစခန်းမှ ယာဉ် (ပ) ၁၉၆/ ၂၀၁၇၊ မော်တော်ယာဉ်ဥပဒေပုဒ်မ- ၅၈ (က) အရ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ရာ မြို့နယ်တရားသူကြီးမှ ဒဏ်ငွေ ၃၀၀၀၀ ကျပ်ဖြင့် ဒဏ်ငွေဆောင်ခို်င်းခဲ့ကြောင်း ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်က ဆိုသည်။

လက်ရှိတွင် လူမှုကွန်ယက်အကောင့်တွင် တင်ထားခဲ့သောစာများ ပယ်ဖျက်သွားကြောင်း တွေ့ရှိရသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...