စျေးနှုန်းကျဆင်းလာသော ရော်ဘာစျေးကွက်အတွက် လုပ်ငန်းရှင်များကို ချေးငွေရရှိရန် ဆောင်ရွက်ပေးမည်ဟု ဆို

စျေးနှုန်းကျဆင်းလာသော ရော်ဘာစျေးကွက်အတွက် လုပ်ငန်းရှင်များကို ချေးငွေရရှိရန် ဆောင်ရွက်ပေးမည်ဟု ဆို
by -
မဇ္ဈိမ
ရော်ဘာစျေးနှုန်းကျဆင်းနေပြီးနောက် မွန်ပြည်နယ်အတွင်းမှ ရော်ဘာလုပ်ငန်းရှင်များကို ချေးငွေရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကြည်စိုးက ပြောသည်။

“ရော်ဘာစိုက်တယ်၊ ရော်ဘာမှိုင်းခံ စက်ရုံတည်ထောင်တယ်ဆိုတာတွေလည်း SME လုပ်ငန်းတွေပါပဲ။ ငွေကြေးအရင်းအနှီးများတယ်။ ရော်ဘာစိုက်ပြီဆို အနည်းဆုံး ရ နှစ်နေမှ အစေးစခြစ်လို့ရတယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ ရည်ရွယ်ပြီးတော့ SME ချေးငွေရဖို့ ကြိုးစားပေးသွားပါမယ်။” ဟု ပြည်နယ်ဦးစီးမှူး ဦးကြည်စိုးက ပြောသည်။

မွန်ပြည်နယ်ရှိ ရော်ဘာစျေးကွက်မှာ တစ်နှစ်ပြီးတစ်နှစ် အနိမ့်ဘက်သို့ ကျဆင်းလာနေသည့် ေ ရော်ဘာတောင်သူများနှင့် ရော်ဘာနှင့် ဆက်စပ်နှီးနွယ်ရာ လုပ်ငန်းများသည်လည်း အဆင့်မီရော်ဘာများ ထုတ်လုပ်ရန် ခက်ခဲနေပြီး တဖန်အရည်အသွေး မပြည့်သည့် ရော်ဘာများအတွက် စျေးကောင်းမရ ဖြစ်နေကြရသည်ဟု ဒေသခံရော်ဘာလုပ်ငန်းရှင်များက  ပြောသည်။

“SME ချေးငွေရဖို့ ကူညီပေးမယ် ဆိုရင်တော့ ၀မ်းသာပါတယ်။ အစိုးရအဖွဲ့အစည်းတွေ ကျေးရွာဘက်တွေဆင်းပြီး လက်တွေ့လေ့လာ တွေ့ဆုံတယ်ဆိုတာ အရင်ကတော့ မရှိခဲ့ဖူးပါဘူး။ မျှော်လင့်ချက် ပွင့်လာပြီလို့ ပြောရမှာပါ။ တောင်သူတွေ အနေနဲ့ သိချင်နေတာက ဘယ်လိုပုံစံ၊ ဘယ်လိုအတိုးနှုန်း၊ ဘာအာမခံချက်နဲ့ ဘယ်လောက်ကြာကြာ ချေးပေးမှာလဲ ဆိုတာကိုပါ။ ရော်ဘာဆိုတာက နှစ်ရှည်ရင်းနှီးရတာ ဖြစ်လို့ နှစ်တိုချေးငွေ အနေနဲ့ဆို အဆင်မပြေနိုင်ပါဘူး။ ”ဟုပြည်နယ်ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ နိုင်ကျန်ရစ်က ပြောသည်။

လတ်တလောအနေဖြင့် ရော်ဘာလုပ်ငန်းရှင်များကိုချေးငွေထုတ်ချေးနိုင်ရန် ပြည်နယ်တွင်း စိုက်ပျိုးရေး ဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းနှင့် ကရင် တိုင်းရင်းသားရေးရာ ၀န်ကြီးတို့ ပူးပေါင်းကာ  ရော်ဘာတောင်သူများထံ ကွင်းဆင်းလေ့လာ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေကြောင်းသိရသည်။

မွန်ပြည်နယ် တွင်  ရာဘာလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပြီးပြည်နယ်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရော်ဘာ  ကဏ္ဍဖွံ့ဖြိုးရေး ကို ဆောင်ရွက်သွားကြရန်သက်ဆိုင်ရာတာဝန်ရှိသူများကို ပြည်နယ် ၀န်ကြီးချုပ်က လမ်းညွှန်ထားသည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...