လက်နက်ကြီးကျည်ကျ၍ မင်းပြားထောင့်ချောင်းကျေးရွာတွင် ကျောင်းဆရာမတစ်ဦး ပွဲချင်းပြီးသေဆုံး

လက်နက်ကြီးကျည်ကျ၍ မင်းပြားထောင့်ချောင်းကျေးရွာတွင် ကျောင်းဆရာမတစ်ဦး ပွဲချင်းပြီးသေဆုံး

မင်းပြားမြို့နယ် ထောင့်ချောင်းကြီး ကျေးရွာတွင် တာဝန်ကျနေသည့် ကျောင်းဆရာမ ဒေါ်မမမြစောသည် ယနေ့ ညနေက စစ်ကောင်စီတပ်က ပစ်လိုက်သောလက်နက်ကြီးကျည်ကျထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားသည်ဟု သတင်းရရှိသည်။

ဆရာမဒေါ်မမြစောသည် ကျောင်းဆင်းချိန် ညနေ ၃ နာရီကျောင်းဆင်းချိန်တွင်  ကလေးများကို ကျောင်းလွှတ်ပြီးနောက် ကျောင်းဆင်းလာစဉ် ကျောင်းလမ်း၀တွင် လက်နက်ကြီးကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။

“ မင်းပြား (၅၄၁)တပ်ရင်း သမင်ခြေရာရွာဟောင်းက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ထောင့်ချောင်းကြီးကျေးရွာ စာသင်ကျောင်းက ကျတာပါ။ ပွဲချင်းပြီး ဆုံးပါတယ်။ အထူးစိတ်မကောင်းစရာပါ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

 

ဆရာမဒေါ်မမြစောသည်မင်းပြားမြို့ ပြည်တော်သာရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး သမီးငယ် တစ်ဦးရှိကာ ထောင့်ချောင်းကျေးရွာတွင် စာပြရန် သွားရောက်စဉ် ယခုလို အဖြစ်ဆိုးနှင့် ကြုံရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် မင်းပြားမြို့နယ်၊ ဖလောင်းပြင်ကျေးရွာမှ ညီအစ်မနှစ်ဦးအထဲက မလှဆန်းယဉ်(၂၃)နှစ်မှာ သေဆုံးသွားပြီဖြစ်ကြောင်းသတင်းရရှိသည်။

(ဓာတ်ပုံ- ကံစီမံရာပို့စ်မှ ကူးယူဖော်ပြသည်။)

April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...