အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မွန်ပြည်သစ်ပါတီထိပ်တန်းခေါင်းဆောင်များ တပ်စွဲမှုအနေအထား ဆွေးနွေးမည်

အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မွန်ပြည်သစ်ပါတီထိပ်တန်းခေါင်းဆောင်များ တပ်စွဲမှုအနေအထား ဆွေးနွေးမည်
by -
မဇ္ဈိမ
မွန်ပြည်သစ်ပါတီဌာန ချုပ်အနီး တပ်မတော်က တပ်ဆွဲထားသည့် ကိစ္စနှင့် ပတ်သက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရာတွင် ထည့် သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ မဟာမိတ်ဆက်ဆံရေးဌာနမှ နိုင်အောင်မငေးကပြောသည်။

မွန်ပြည်သစ်ပါတီ၏ ဌာနချုပ်နှင့် တစ်မိုင်အကွာတွင်တပ်မတော် တပ်ဆွဲထားသောကြောင့် မွန်ပြည်သစ်အနေဖြင့် စိုးရိမ်မှုများရှိနေကြာင်း နိုင်အောင်မငေး ကဆက်လက်ပြောဆိုသည်။

“ မြေပြင်မှာ တပ်ကနည်းနည်းနီးကပ်ထားတာလေ၊ အဲ့တာဖြေလျော့ပေးဖို့အတွက်၊ ပြီးတော့ NCA လမ်းကြောင်းအတိုင်းကျွန်တော်တို့ မွန်ပြည်သစ်ပါတီက တစ်စိုက်မတ်မတ်သွားမယ့် အကြောင်းပြောမလို့ပေါ့ “ ဟု ၄င်းကဆိုသည်။

မွန်ပြည်သစ်ပါတီ ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဒုဥက္ကဋ္ဌနိုင်ဟံသာ၊ တွဲဖက်အတွင်းရေးမှူး နိုင်ဇေယျ၊ စစ်ဦးစီးချုပ်လယီကောင်း၊ ပြည်တွင်းရေးရာ ဌာန တာဝန်ခံ နိုင်ဝင်းလှ၊ မဟာမိတ်ဆက်ဆံရေးဌာနက နိုင်အောင်မငေးတို့သည် စက်တင်ဘာ ၁ရက်နေ့တွင် နေပြည်တော်၌ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

“ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဘာလို့ဆိုတော့ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အကြီးအကဲတစ်ယောက်ဆိုတော့လေ ၊သူရဲ့လှုံ့ဆော်မှုအရ တပ်မတော်ကလည်း ဒါကိုနည်းနည်း လိုက်နာမယ်လို့ထင်ပါတယ် “ ဟု နိုင်အောင်မငေး ကပြောသည်။

မွန်အမျိုးသားတော်လှန်ရေးနေ့မတိုင်မီက တပ်အနေအထားများနှင့်ပတ်သက်ပြီး တပ်မတော်နှင့် မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်း ဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုတစ်ခုကို ့ရေးမြို့အခြေစိုက် စကခ(၁၉) ဌာနချုပ်တွင် ့ သြဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သေးသည်။

မွန်ပြည်သစ်ပါတီသည် အစိုးရနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို ပြီးခဲ့သည့် အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...