ပလက်ဝတွင် ရိက္ခာဆင်းယူသည့် စစ်ကြောင်းကို အေအေကကြားဖြတ်တိုက်ခိုက်

ပလက်ဝတွင် ရိက္ခာဆင်းယူသည့် စစ်ကြောင်းကို အေအေကကြားဖြတ်တိုက်ခိုက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရိက္ခာဆင်းယူသည့် စစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) ကကြား ဖြတ်တိုက်ခိုက်၍ နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၄  ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်တွင်  ခဝဲဗျူဟာကုန်းမှ အဘောင်သား ကျေးရွာအနီးသို့ ရိက္ခာလာယူသည့် စစ်ကြောင်းကို အေအေကတိုက်ခိုက်၍ နှစ်ဘက်ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်ဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုသူဒေသခံတစ်ဦးက ပြောသည်။

"အကြာကြီးတော့မဖြစ်ခဲ့ဘူး။ မိနစ် ၂၀၊ နာရီဝက်လောက်ပဲ ဖြစ်ခဲ့တာပါ။ ခဝဲဗျူဟာကုန်းကနေ အဘောင်သားဘက်ကို စစ်သား ၁၇ ၊ ၁၈ ယောက်လောက် ရိက္ခာလာယူတာကို အေအေက ကြားဖြတ် တိုက်တာလို့ သိရပါတယ်"ဟု ပြောသည်။

နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေစဉ် ခမရ (၂၈၉) မှ ခဝဲဗျူဟာဘက်သို့ လက်နက်ကြီးများပစ်ကူခဲ့သည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

"တိုက်ပွဲဖြစ်တဲ့ ခဝဲဘက်ကို (၂၈၉) တပ်ကနေပြီး လက်နက်ကြီး အချိန် ၁၀ ကျော်လောက် ပစ်ကူခဲ့ပါတယ်"ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၃) ဦးသေဆုံးခဲ့ကြောင်း အေအေနှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောဆိုသည်။

ထိုအကျဆုံးနှင့် ပတ်သက်ပြီး စစ်ကောင်စီနှင့် အေအေပြောခွင့်ရသူတို့ကို နိရဉ္စရာက ဆက်သွယ်မေးမြန်းနေဆဲဖြစ်သဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား တကျော့ပြန် ဖြစ်ပွားနေသော တိုက်ပွဲများအထဲတွင်  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများသည် ပြင်းထန်ပြီး  အေအေက အနည်းဆုံး စစ်ကောင်စီတပ်စခန်းကုန်း (၈) ခုလောက်အထိကို သိမ်းပိုက်ထားကြောင်းလည်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...