လက်နက်ကြီးကြောင့် လူနေအိမ်ထိမှန်၊ စစ်ကောင်စီတပ် ရွာသားကြက်ဝက်များ သတ်ဖြတ်စားသောက်

လက်နက်ကြီးကြောင့် လူနေအိမ်ထိမှန်၊ စစ်ကောင်စီတပ် ရွာသားကြက်ဝက်များ သတ်ဖြတ်စားသောက်

ကြာအင်းဆိပ်ကြီးမြို့နယ် ခုတ်ခွားကျေးရွာတွင် အောက်တိုဘာလ (၁၄)ရက်၊ မနက် (၁၀) နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ ပြီးနောက် စစ်ကောင်စီတပ်က ရွာတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် လူနေအိမ်တစ်လုံး ထိမှန်ခဲ့သည့်အပြင် အိမ် မွေးတိရိစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက်ခဲ့ကြောင်း ဒေသခံရွာသားများထံမှ သိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ (၆) နယ်မြေဖြစ်သည့် မု့တော်ပလား (ကာလိခီး) အုပ်စု၊ ခုတ်ခွား ကျေးရွာတွင် စစ်ကောင်စီတပ်များနှင့် KNLA တပ်ရင်း (၁၇) တို့ မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ် ကောင်စီလက်နက်ကြီးစခန်းကုန်းမှ ကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့သည်ဟု ဒေသခံရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောဆိုသည်။

“မနေ့တုန်းက (၁၀) နာရီလောက်မှာဖြစ်ကြတာ။ ကာလိခီး ခုတ်ခွားကျေးရွာမှာ  KNLA တပ်ရင်း (၁၇) နဲ့ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်တာ။ ရွာမှာ စစ်တပ်စခန်းကုန်းတစ်ခု ရှိတယ်လေ။ စစ်သားတွေက စခန်းအောက်ကို ဆင်းလာတော့ ရာဘာခြံမှာ ဆုံ ကြတာ။ အဲ့မှာ ပစ်ခတ်မှုတွေဖြစ်ပြီးတော့ သိပ်မကြာဘူး၊ ရွာထဲကို လက်နက်ကြီးပစ်ချတယ်။ ပစ်ချတော့ အိမ်တစ်လုံး ထိသွားတယ်။”ဟု ၎င်းက ပြောသည်။

ယင်းသို့လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး နေအိမ် အတွင်းရှိနေသည့် ရွာခံပြည်သူများကို မေးမြန်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ကျေးရွာထဲရှိ တိရိစ္ဆာန်များကိုလည်း သတ် ဖြတ်စားသောက်သွားသည်ဟု အဆိုပါရွာသားက ဆက်ပြောသည်။

သူက “စစ်တပ်က ရွာထဲဝင်လာတယ်လေ။ ရွာထဲမှာ ကရင်စစ်သားတွေ ဝင်လာတာတွေ့လား တွေ့လားဆိုပြီး လာမေး တယ်။ အိမ်တွေကိုလည်း ဝိုင်းထားတာ။ ရွာသားတွေကို တစ်အိမ်တစ်ယောက်ဆင်းလာခိုင်းတယ်။ ပြီးတော့ ရွာထဲမှာရှိ တဲ့ ကြက်တွေရော၊ ဝက်တစ်ကောင်လည်း ဖော်စားသွားတယ်။ အခုလိုမျိုးဖြစ်တာက နှစ်ခေါက်ရှိပြီ။”ဟု ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ (၂၆) ရက်နေ့က ကြာအင်းဆိပ်ကြီး (နို့တကော) မြို့နယ်ရှိ ခုတ်ခွားစစ်ကောင်စီအခြေကုတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်များက သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီတပ်များက စစ် ကြောင်းပြန်တက်လာနေသည်ဟု စုံစမ်းသိရှိရသည်။

အလားတူ အောက်တိုဘာလ (၄) ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းပေါ်သို့ အင်အင်းဖြည့်တင်းရန် တက် လာသည့် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း (ခလရ-၃၂)၊ (ခလရ-၂၈၄)၊ (ခလရ-၂၈၃) တပ်ဖွဲ့များနှင့် (KNLA) တပ်ရင်း (၁၇) တို့အကြား သူးလေကုန်းကျေးရွာအပြင်ဘက်ခြမ်း၌ ထိတွေ့ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ကျဆုံး မှုအခြေအနေကိုမူ မသိရှိရသေးပေ။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...